Friday, July 11, 2025 - 17:30
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ အချိန် သတင်းအရ ကလေးမြို့နယ်၊ အေးသာယာကျေးရွာအနီးတွင် မန္တလေးမှကလေးသို့ နိုင်လင်းအောင် (ခ)မွှေးနီ မောင်းနှင်ပြီး ဇော်မျိုးနိုင်(ခ)သားငယ် လိုက်ပါလာသည့် MDY-14 8I/xxxx I ZONE အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို (၎င်းဒေသ ကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံ)အား ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများအား မန္တလေးတိုင်းမှ ကလေးသို့ သယ်ဆောင်ခိုင်းသူမှာ ပြည်ကြီးတံခွန်မြို့နယ်နေ ငြိမ်းချမ်းအောင်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။