မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရာဇာမဏိစူဠာကောင်းမှုတော် စေတီနှင့် ဆွမ်းဦးပုညရှင်စေတီတော်တို့တွင် ဘက်စုံပြန်လည်ပြုပြင်မွမ်းမံနေမှုအခြေ အနေများ နှင့် စေတီတော်ပုရဝှဏ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု အခြေအနေ များ၊ နန်းဦးမြို့သစ်ရှိ ရွှေမုဠောစေတီ၏ ထီးတော်အားပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး အတွက် မြေသို့ပင့်ဆောင်နေမှုနှင့် စေတီတော်ပရဝုဏ်အတွင်း သန့်ရှင်းရေး ဆောင်ရွက် နေမှုများအားလည်းကောင်း၊ ရွှေစေတီဘာသန္တရသင်တန်းကျောင်း၊ ရွှေစေတီကျောင်း တိုက်နှင့် ကိုးတောင်ပြည့်စေတီတို့တွင် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ် ဖယ်ရှား ရှင်းလင်းနေမှုများကိုလည်းကောင်း၊ မဟာစည်းခုံကြီးစေတီတော်အတွင်းရှိ ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနာ့ဗိမာန်အား ပြန်လည်ပြုပြင်မွမ်းမံပြီးစီးမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လုပ်အားပေးဆောင်ရွက်နေကြသူများ ကို အားဖြည့်အချိုရည်များ ပေးအပ်သည်။
ထို့နောက် စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ချင်းစုသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ကျောင်းဆောင်အဆောက် အအုံများကို အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှုများ၊ ပိုးတန်းရပ်ကွက်နှင့် မင်းလမ်း ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော လူနေအဆောက်အအုံ အပြိုအပျက်များကို အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှုတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေဝန်းအရှေ့ရပ်ကွက်ရှိ ရတနာပုံသာဆုတောင်းရ (ဦးပေစိ)ဘုရားသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သော သာသနိကအဆောက်အအုံ အပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်နှင့် အမရဌာနီ အနောက်ရပ်ကွက်များရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက် အအုံအပျက်အစီးများအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ် ဖယ်ရှားရှင်းလင်းနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။