မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ Sky Villa ၌ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့ပြီး ရှင်းလင်းရန် ကျန်ရှိနေသည့် “ A ” ဆောင်အား စက်ယန္တရားကြီးများ အသုံး ပြု၍ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများနှင့် အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင် ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက်အအုံ အပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းမှု များကို ဆောင်ရွက်ပေးကြသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။