ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌  ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇူလိုင် ၅

Saturday, July 5, 2025 - 18:00

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ဝေဠုဝန်ငါးထပ်ကြီးဘုရား၊ ဘုရားဖြူစေတီ၊ ဇိနမာရ်အောင် လောကချမ်းသာကြေးဘုရာကြီးနှင့် ရွှေစေတီဘာသန္တရသင်တန်း ကျောင်းတို့၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိက အဆောက်အအုံ များကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တရားကြီး အသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များ ပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝနိရှိသူများသည် ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှင်ပင်နန်းဦးစေတီအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုများ၊  ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မဟိ ယင်္ဂဏစေတီအား ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဇေယျာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးသွားသော ကျောင်းအုတ်တံတိုင်းနံရံများအား ဖယ်ရှားရှင်းလင်း နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်အားပေး ဆောင်ရွက်နေကြသူများကို အားဖြည့် အချိုရည်များ ပေးအပ်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ သွားရောက်၍ အပျက်အစီးများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ ဘုရားဖူးပြည်သူများ လာရောက်ဖူးမျှော်စဉ် အန္တရာယ်ကင်းရှင်းစေရေး စမြင်နေရာ များအား ယာယီဒေါက်တိုင်ထောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ဘုရားကြီး၏ နောက်ကျောတော်နေရာတွင် ပြိုကျပျက်စီးသွားသည့်တိုင်များ ပြန်လည် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ဘုရားကြီးအနောက်ဘက် စောင်းတန်းနှင့် တောင်ဘက်စောင်းတန်းရှိ အပျက်အစီးများအား ဖယ်ရှားရှင်းလင်း ပြီးစီးမှုအခြေအနေများ၊ ဘုရားကြီးကျောက်စာတိုက်နေရာ၌ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ အသစ်ပြန်လည်တင်လှူမည့် စိန်ဖူးတော် ပြုလုပ် ပြီးစီးမှုအခြေအနေများနှင့် ဂန္ဓကုဋိတိုက်အတွင်းပိုင်း ကြံ့ခိုင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု့စစ်ဆေးပြီး  ဘုရားကြီး ရှင်းလင်းဆောင်၌ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများအတွက် တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့်အဖွဲ့သည် မဟာအောင်မြေ မြို့နယ်၊ ဟေမမာလာ တောင်ရပ်ကွက်သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှုများအား ကြည့်ရှု့စစ်ဆေး၍  လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းစေရေး စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန်၊ အနီးပတ်ဝန်းကျင်ရှိ  အဆောက်အအုံများအား ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။