နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဌဟောင်း ဒေါက်တာ မျိုးအောင်တို့အား ဇမ္ဗူသီရိမြို့နယ်၊ သီးသန့်တရားရုံး၌ ရုံးထိုင်စစ်ဆေးမှုများ ဆောင်ရွက်

Wednesday, June 16, 2021 - 09:00

နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဌဟောင်း ဒေါက်တာ မျိုးအောင်တို့အား ဇမ္ဗူသီရိမြို့နယ်၊ သီးသန့်တရားရုံး၌ ရုံးထိုင်စစ်ဆေးမှုများ ဆောင်ရွက်

               နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်ကောင်စီဥက္ကဌဟောင်း ဒေါက်တာ မျိုးအောင်တို့အပေါ် စွဲဆိုထားသည့် အမှုများကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ သီးသန့်တရားရုံး၌ ရုံးထိုင်စစ်ဆေးခဲ့ရာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ မျိုးအောင်တို့အပေါ် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် စွဲဆိုထားသည့် အမှုနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ စွဲဆိုထားသည့်အမှုများကို စစ်ဆေးခဲ့ကြောင်းနှင့် ရုံးထိုင် စစ်ဆေးမှုမပြုမီ ၎င်းတို့၏ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ဆုံခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်း ရရှိပါသည်။