မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ် ကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် နေရာများဖြစ်သည့် မျိုးရင်ရင် သီလရှင် စာသင်တိုက်နှင့် သာသနိကအဆောက်အအုံ အပျက်အစီးများနှင့် နေအိမ်အဆောက် အအုံအပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှု၊ မဟာစေတီလှစေတီတော်အား အသစ်တဖန်ပြန်လည် တည်ထားကိုး ကွယ်မည့် မြေနေရာကို စက်ယန္တရားကြီးများဖြင့် အင်တိုက်အားတိုက် ပြင်ဆင် ဆောင်ရွက်နေမှုနှင့် လေးကျွန်းမြေအုဌ်ကျောင်း ပရိယတ္တိစာသင်တိုက်ရှိ သာသနိက အဆောက်အအုံ အပျက်အစီးများကို ဖယ်ရှားရှင်းလင်းပြီး ယာယီစာသင်ဆောင်များနှင့် ယာယီကျောင်းဆောင်များ ဆောက်လုပ်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာရှိ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းတံတား (အင်းဝ)၌ တံတားအပျက်အစီးများ ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းများဆောင်ရွက် ပြီးစီးမှု အခြေအနေများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)မှ တာဝန်ယူ ဆောင်ရွက်နေသော ခုံးအမှတ်(၄)နှင့်(၅)တို့ကို ကျွမ်းကျင်လုပ်သားများ၊ စက်ယန္တရားများနှင့် နည်းပညာအထောက်အကူပြု၍ စနစ်တကျစီမံခန့်ခွဲ ဖယ်ရှားရှင်း လင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု့စစ်ဆေး၍ တာဝန် ရှိသူများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် အမရပူရ မြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ သမိုင်းဝင်မဟာအောင်မြေ ရွှေကြက်ယက် ဆုတောင်းပြည့်မြတ်စွာဘုရားရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စေတီတော် ကြီးအား ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။