နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲ က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ နေပြည်တော် ဇွန် - ၂၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် Buryatia ပြည်နယ်၊ ပြည်နယ် အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ညစာစားပွဲနေရာသို့ ရောက်ရှိကြရာ Buryatia ပြည်နယ်၊ ပြည်နယ် အကြီးအကဲ၊ ဒုတိယပြည်နယ်အကြီးအကဲနှင့် တာဝန်ရှိသူများက လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ညစာစားပွဲကို စတင်ကျင်းပပြုလုပ်ရာ Buryatia ပြည်နယ်၊ ပြည်နယ် အကြီးအကဲက နှုတ်ခွန်းဆက်စကားပြောကြားရာ၌ အဆွေတော် နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ် စားလှယ်အဖွဲ့အား Buryatia ပြည်နယ်မှ လှိုက်လှဲနွေးထွေးစွာကြိုဆိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် နေရာဒေသချင်း အလှမ်းကွာဝေးသော်လည်း ရင်ဘတ်ချင်းနီးကြ ပါကြောင်း၊ ကိုးကွယ်ရာဘာသာတရားချင်းလည်းတူညီမှုရှိကြပြီး အခြေခံဘာသာ တရားတူညီနီးစပ်မှုမှအစပြု၍ လူမှုရေး၊ စီးပွားရေးဆိုင်ရာတို့တွင် ပူးပေါင်းဆောင်ရွက် မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မိမိတို့ Buryatia ပြည် နယ်သို့ လာရောက်မှုအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းဖြင့် ပြောကြား သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြန်လည်ပြောကြားရာတွင် မိမိအနေဖြင့် Buryatia ပြည်နယ်သို့ တတိယအကြိမ်မြောက်ရောက်ရှိခြင်းဖြစ်ပြီး သာယာလှပသည့် Buryatia ပြည်နယ်သို့ ရောက်ရှိသည့်အချိန်တိုင်း စိတ်ချမ်းသာမိပါကြောင်း၊ ဗုဒ္ဓဘာသာကို အများစု ကိုးကွယ် သည့်ပြည်နယ်ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် စိတ်သဘောထားချင်း ပိုမိုတိုက်ဆိုင်မှုရှိကြောင်း၊ ဘာသာရေးဆိုင်ရာကူးလူးဆက်ဆံဆောင်ရွက်မှုအနေဖြင့် ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးရှိပြီဖြစ်ကြောင်း။
ဘာသာရေးဆိုင်ရာဆက်ဆံဆောင်ရွက်မှုများအပြင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာနှင့် အခြားနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်တို့ Buryatia ပြည်နယ်အပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေး အစရှိသည့် နယ်ပယ်ကဏ္ဍ အသီးသီးတွင် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အဆွေတော် Buryatia ပြည်နယ်၊ ပြည်နယ် အကြီးအကဲနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး ကျန်းမာချမ်းသာ၍ အဆင်ပြေချောမွေ့ပါစေ ကြောင်းကို ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် Buryatia ပြည်နယ်၊ ပြည်နယ် အကြီးအကဲနှင့် တာဝန်ရှိသူများ နှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာသုံးဆောင်နေစဉ်အတွင်း Buryatia ပြည်နယ်၊ အမျိုးသားကဇာတ်ရုံမှ ရိုးရာအကအလှအဖွဲ့များက တေးသံသာများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ ကြသည်။
ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် Buryatia ပြည်နယ်၊ ပြည်နယ် အကြီးအကဲတို့သည်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဇနီးနှင့် Buryatia ပြည်နယ် ဒုတိယ အကြီးအကဲတို့သည်လည်းကောင်း အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်မစီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အမျိုးသားကဇာတ်ရုံမှ ရိုးရာအကအလှအဖွဲ့များကို ဂုဏ်ပြုချီးမြှင့် ငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။