မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ပတ္တမြားစေတီနှင့် မဟာစေတီလှ စေတီတို့အား အဖွဲ့အစည်းအသီးသီးနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အပြီးသတ် ဖယ်ရှားရှင်းလင်း ပြီးနောက် အသစ်တဖန်ပြန်လည် တည်ထားကိုးကွယ်မည့် မြေနေရာအား ပြင်ဆင် ဆောင်ရွက်နေသည့် အခြေအနေများနှင့် မူလမဟာစေတီမှ ရရှိသော ဌာပနာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဌာပနာများအား စနစ်တကျထိန်းသိမ်းထားရှိရန် တာဝန် ရှိသူများအားမှာကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းမြို့ အတွင်းရှိတောင်ဖီလာလေးကျွန်းဆီမီး စေတီတော် မြတ်ကြီး၊ ဇလိတာရာမကျောင်းတိုက်၊ နဝလောဟာကျောင်းတိုက်နှင့် တောလေးထပ် ကျောင်းတိုက်များ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပြီးသတ် ဖယ်ရှား ရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှု အခြေအနေများ၊ စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လူနေ အနောက်အဦများ၊ လမ်းဘေးဝဲ/ယာများရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် အပြို အပျက်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပြီးသတ်ရှင်းလင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးကာ လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များ ပေးအပ်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
၎င်းနောက် စစ်ကိုင်းမြို့အတွင်းရှိ ရဟန်း၊သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရေသန့်စက် ယာဉ်ဖြင့် ဧရာဝတီမြစ်ရေးကို သန့်စင်ပြီး သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဖြူးပေး ဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော် ရပ်ကွက်ရှိ Sky Villa နေရာသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှင်းလင်းရန် ကျန်ရှိနေသည့် “ A ” ဆောင်အားစက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများအား လည်းကောင်း၊ ဖယ်ရှား ရှင်းလင်းရာမှ ရှာဖွေတွေ့ရှိသော ပစ္စည်းများအား ပစ္စည်းလက်ခံရှာဖွေ စုဆောင်းရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျ အပ်နှံမှုနှင့် ထိန်းသိမ်းထားရှိမှု ၊ သက်ဆိုင်ရာ ပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်မှု အခြေအနေများ အား ကြည့်ရှု့ စစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျ ပြုလုပ် ဆောင်ရွက် သွားရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ချမ်းအေးသာစံမြို့နယ်၊ အလယ်ရပ်ကွက်နှင့် အောက်နန်းရိပ်သာ အရှေ့ရပ်ကွက်များသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည် များမှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။