နိုင်ငံတော်အစိုးရအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူ များအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ပြစ်မှုကျူး လွန်ခြင်းမရှိသော ဒေသအသီးသီးမှ PDF သင်တန်းဆင်း ၁၉ ဦးတို့သည် လက်နက်/ ခဲ ယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်ခဲ့ကြပြီး ၎င်းတို့အား မိဘအုပ် ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်သည်။
အဆိုပါ လွှဲပြောင်းအပ်နှံပွဲသို့ မန္တလေးတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ မန္တလေးတပ်နယ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ် အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်းဝင်ရောက်လာသည့် PDF အမည်ခံ အဖွဲ့ဝင် ၁ ဦး ယူဆောင်လာ သည့် MA-2 အမျိုးအစား သေနတ်(၁)လက်၊ ၎င်းကျည် ၅၀ တောင့်နှင့် ကျည်အိမ် ၂ ခု တို့ကိုအပ်နှံရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး သေနတ် ၁ လက်အတွက် ဆုကြေး ငွေကျပ်သိန်း(၅၀)နှင့် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအတွက် ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော ပြစ်မှုကျူးလွန်ခြင်းမရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ ချမ်းအေးသာစံမြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စဉ့်ကူးမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦး၊ ဝက်လက်မြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသမီး ၁ ဦး၊ အမရပူရမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ အောင်မြေသာစံမြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသမီး ၁ ဦး၊ မိုးကုတ်မြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၁ ဦး၊ မတ္တရာမြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၂ ဦး စုစုပေါင်း ၁၉ ဦး တို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံကြသည်။
ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်း သူများထံသို့ ပြန်လည်လွှဲအပ်ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်း ပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများ အတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။