PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အများပြည်သူများ အထိတ် တလန့်ဖြစ်စေရန်၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန်နှင့် ကုန်စည်စီးဆင်း မှုများ အခက်အခဲ ဖြစ်ပေါ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်း စသည်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင် လျက်ရှိသည်။
ထို့သို့ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျိုက်ထိုမြို့၏ အနောက်မြောက်ဘက် မီတာ ၁၃၀၀၀ ခန့် အကွာ အင်္ဂပိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ PDF အမည်ခံအကြမ်းဖက် သမားများက ၅ ဂါလံပုံးများဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၂ လုံး အားလည်းကောင်း၊ အဆိုပါ ပြည်ထောင်စုလမ်း၏ မိုင်တိုင်အမှတ် (၉၄/၇)အနီး တံတားအမှတ် (၃/၉၅)နေရာရှိ တံတားအောက်ခြေတွင် ၅ ဂါလံပုံးများဖြင့် ပြုလုပ် ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၇ လုံးနှင့် မိုင်တိုင်အမှတ်(၉၄/၃) နေရာ၌ ၅ ဂါလံပုံးများဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၂ လုံးတို့အား လည်းကောင်း စုစုပေါင်း ဒေသန္တရလက်လုပ်မိုင်း ၁၁ လုံး တို့အား ဆင်ခြင်တုံ တရားမဲ့စွာ မိုင်းထောင်ထားသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ သဖြင့် အများပြည်သူများ အသက်အန္တရာယ်မဖြစ်ပေါ်စေရေး စနစ်တကျ ဖယ်ရှား ရှင်းလင်းခဲ့ရသည်။
PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ပြည်သူများ ထိခိုက်ပျက်စီးဒဏ်ရာရရှိစေရန် မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိရာ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင် နေမှုအပေါ် ပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်း စဉ်များကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။