မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိ စူဠာကောင်းမှုတော်စေတီနှင့် မေတ္တာကန်တို့၌ ငလျင်အတွင်း ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် အတူပူပေါင်း၍ အပြီးသတ် ဖယ်ရှားရှင်းလင်း ပြီးနောက် စေတီတော်ရင်ပြင်တိုးချဲ့ရန် အတွက် မြေသားခိုင်မာမှု စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များ၊ စေတီတော်လုံးပတ် ပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေများ၊ စေတီတော် နှင့် မေတ္တာကန်ပုရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဘက်စုံပြန်လည်ပြုပြင် တည်ဆောက်နေမှု အခြေအနေများ၊ ရွှေဟင်္သာတိုက်သစ်၊ နဝလောဟာကျောင်းတိုက် နှင့် အနောက်စင်္ကြံကျောင်းတိုက်များ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အဦများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တရားကြီးများကို အသုံးပြု၍ အပြီးသတ် ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက်နေမှု အခြေအနေ များကို ကြည့်ရှုအားပေးကာ လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့် အချိုရည်များပေးအပ်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် စစ်ကိုင်းပညာရေးဒီဂရီကော်လိပ်သို့ သွားရောက်ကာ ကျောင်းသား/ သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန်အတွက် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော ကျောင်းဆောင်များကို အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုအခြေအနေ များနှင့် လူနေအဆောက်အအုံများအား စက်ယန္တရားကြီး အသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှုများနှင့် ငလျင်ဘေးဒဏ်သင့် ရဟန်း၊သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေး စောင့် ရှောက်ပေးနေမှု အခြေအနေများ၊ တပ်မတော်ရေသန့် စက်ယာဉ်ဖြင့် ဧရာဝတီမြစ်ရေကို သန့်စင်၍ သန့်ရှင်းသော သောက်သုံးရေးများ ပေးဝေနိုင်ရေးဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးပြီး စစ်ကိုင်းတောင်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုန်းကြီး ကျောင်း၊ သီလရှင်ကျောင်းအချို့ ပြန်လည်တည်ဆောက်ရန်အတွက် လျာထားမြေလွတ် နေရာအား အပြီးသတ် ဖယ်ရှားရှင်း လင်းပြီးစီးမှုအခြေအနေများ၊ စစ်ကိုင်းမြို့ အမှိုက်များစွန့်ပစ်သည့်နေရာသို့ သွားရောက် ကြည့်ရှုပြီး စနစ်တကျစွန့်ပစ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင် ရပ်ကွက်၊ ငါးစို့တိုက်သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီပုထိုး များနှင့် သာဿနိကအဆောက်အအုံ အပျက်အစီးများအား တပ်မတော်သားများနှင့် စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ဖယ်ရှားရှင်းလင်းရာတွင် ပြန်လည်တွေ့ရှိသော ရှေးဟောင်းဋ္ဌာပနာ ပစ္စည်းများအားကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်များအမြန်ဆုံး ဆောင် ရွက်နိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အဖွဲ့သည် မဟာအောင်မြေ မြို့နယ်၊ မဟာမြိုင်- (၁) ရပ်ကွက်နှင့် ချမ်းမြသာစည်မြို့နယ်၊ အလည်ရပ်ကွက်တို့ရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိနေအိမ် အဆောက်အအုံများအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှု အခြေအနေများ ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးစနစ်တကျပြုလုပ် ဆောင် ရွက် သွားရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။