စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် မဟာစည်းခုံကြီးစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံ ခြင်း လုပ်ငန်းကိစ္စများ ရှင်းလင်းလျှောက်ထား၍ ဩဝါဒခံယူ နေပြည်တော်၊ ဇွန် ၂၃ ရက်

Monday, June 23, 2025 - 15:15

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် တိမ်းစောင်းသွားသော မဟာစည်းခုံကြီးစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဩဝါဒခံယူခြင်းကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ကြီး၏ ပုရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော် များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ကြွရောက် တော်မူပြီး ကာကွယ်ရေးဦးစီးရုံးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဂေါပက အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက သီတဂူဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သီတဂူဆရာတော်ဘုရားကြီးက ပရိတ်တရားတော်များ ချီးမြှင့်တော်မူသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ က မဟာစည်းခုံကြီးစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်း ကိစ္စရပ်များကို လျှောက်ထားရှင်းလင်းပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူသည်။ ယင်းနောက် တိမ်းစောင်းသွားသော ထီးတော်ကြီး၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော် တို့ကို ကရိန်းစက်ယန္တရားကြီးဖြင့် ပြန်လည်တည်မတ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မဟာစည်းခုံကြီးစေတီတော်မြတ်ကြီး၏ သာသနာ့ဗိမာန်အား ဘက်စုံပြုပြင်မွမ်းမံတည်ဆောက်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။