နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ် တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးဆောင်ရွက်နေမှု အား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း အီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာအလုပ်ရုံ ရွှေကသာကုမ္ပဏီလီမိတက်၊ ဆိုလာပြားစက်ရုံ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းအီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ် မော်တာအလုပ်ရုံ၊ ရွှေကသာ ကုမ္ပဏီလီမိတက်၊ ဆိုလာပြားစက်ရုံသို့ ရောက်ရှိကြရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် ကုမ္ပဏီအစည်းအဝေးခန်းမ၌ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်ဝန်ကြီးချုပ်၏ ဆိုလာစွမ်းအင်နှင့်ပတ်သက်သည့် မူဝါဒနှင့် လမ်းညွှန် မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ အီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာအလုပ်ရုံဆိုင်ရာ အချက်အလက်များ၊ အမှတ်(၂၄) အကြီးစားစက်ရုံ(ဒဂုံ)၊ ဆိုလာပြားအလုပ်ရုံဆိုင်ရာ အချက်အလက်များ၊ ဆိုလာပြားဈေးကွက်အခြေအနေနှင့် ပြည်ပမှဆိုလာပြားများ တင်သွင်းနေရမှုအခြေ အနေများ၊ ဆိုလာပြားထုတ်လုပ်မှုနည်းပညာများ၊ ဆိုလာပြားအမျိုးအစားများနှင့် နှိုင်းယှဉ်ချက်များ၊ ဆိုလာပြားများအသုံးပြု၍ နေရောင်ခြည်မှလျပ်စစ်ဓာတ်အား ထုတ် လုပ်မှု အခြေအနေများကိုလည်းကောင်း၊ ရွှေကသာ ကုမ္ပဏီလီမိတက် မန်နေးဂျင်း ဒါရိုက်တာက ကုမ္ပဏီအနေဖြင့် ဆိုလာပြားထုတ်လုပ်မှုလုပ်ငန်းများ အဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆိုလာပြားထုတ်လုပ်မှုများ နှစ်အလိုက်အဆင့် ဆင့်တိုးတက်လာမှုအခြေ အနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ပြည်တွင်းမှထုတ်လုပ်ထားသည့် ဆိုလာပြားများအား ပြည်ပမှ တင်သွင်းသည့် ဆိုလာပြားများနှင့် တန်းတူအရည်အသွေးရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ဆိုလာထုတ်လုပ်ခြင်း နည်း ပညာများကိုလည်း မျက်ခြည်မပြတ် လေ့လာ၍ အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်လို ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရာသီဥတုသာယာကောင်းမွန်ပြီး နေသာသည့်ရက် များ ပြားသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ် လုပ်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများတိုးတက်စေရေး မိမိအနေဖြင့် ၂၀၂၂ ခုနှစ်တွင် စတင်ပြောကြားခဲ့ကြောင်း၊ မိမိတို့နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ် အားများအား နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ မှတဆင့် အမြန်ဆုံးရရှိနိုင်မည်ဖြစ်ကြောင်း၊ ဆိုလာပြားထုတ်လုပ်ခြင်းအတွက် လိုအပ် သည့် ကုန်ကြမ်းများအားပြည်တွင်း၌ထုတ်လုပ်သွားနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ဥပမာအားဖြင့် ဆီလီကွန်ကဲ့သို့သော ကုန်ကြမ်းများလိုအပ်သဖြင့် ပြည်တွင်း၌ ထုတ် လုပ်နိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်တွင်း၌ ဆိုလာ ပြားများကို လုံလောက်စွာထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ် ချက်များကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်နိုင်သောကြောင့် အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပြည်ပမှလောင်စာဆီ များကိုတင်သွင်းရလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတွင်းရှိ ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ် ဓာတ်အားရရှိရေးဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားဖူလုံ ပေါများစွာရရှိခြင်းဖြင့် လူမှုစီးပွားဘဝများသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံ ကိန်းများသည် အချိန်ရယူတည်ဆောက်ရပြီး ငွေကြေးများစွာသုံးစွဲရကြောင်း၊ တည် ဆောက်ချိန်တိုတောင်းသည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို ကိုယ်ပိုင် တစ်ပိုင်တစ်နိုင်သုံးစွဲသည်မှ လုပ်ငန်းများ၊ စက်ရုံများလည်ပတ်နိုင်သည်အထိ ဆောင် ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင်ပျမ်းမျှအားဖြင့် ရက်ပေါင်း ၃၀၀ ကျော်ခန့် သည် အလင်းနှင့် နေရောင်ခြည်ကိုရရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံများ၌ ဆိုလာ လျှပ်စစ် ဓာတ်အားများဖြင့် အသုံးပြု၍ ကုန်ထုတ်လုပ်ခြင်းများဆောင်ရွက်သွားမည်ဆိုပါက ကုန်ထုတ်လုပ်မှုစရိတ်ကို များစွာလျှော့ချနိုင်ခြင်းကြောင့် အကျိုးအမြတ်များ ပိုမိုရရှိ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ် ခြင်းများကို ငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ၎င်းလုပ်ငန်းများ ဆောင်ရွက်သူများအတွက် Incentive များပေးသွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း Small Scale (အိမ်သုံး)မှ Large Scale (စက်ရုံသုံး)အထိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ် အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ မြို့ရွာ များ၌လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ဆောင်ရွက်ပေးသွားမည်ဆိုပါက လူနေထိုင်မှုအဆင့်အတန်းများ မြင့်မားလာမည်ဖြစ် ကြောင်း၊ ဆိုလာလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးရှိစေမည့် လုပ်ငန်းဖြစ်ကြောင်း၊ ဆိုလာပြားများအား ပြည်တွင်း၌လုံ လောက် စွာထုတ်လုပ်နိုင်ရန်လိုပြီး ဆိုလာပြားထုတ်လုပ်မှုတိုးတက်ရေးနှင့်ပတ်သက် ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့က ပူးပေါင်း၍ ဆောင်ရွက် သွားရန်လိုကြောင်း၊ ပြည်တွင်း၌ Solar Panel များအား လုံလောက်စွာ ထုတ်လုပ်သွား ကြရန်လိုကြောင်း။
လျှပ်စစ်နှင့်ပတ်သက်၍ ဝါယာကြိုးများကိုလည်း ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါယာကြိုးပြုလုပ်ရန်အတွက် အခြေခံ ဖြစ်သည့် ကြေးနီများလုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း၌ ဝါယာ ကြိုးလုံလောက်စွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာ ကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ထံသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက စက်ရုံအထိမ်းအမှတ်ဂါရဝပြုလက် ဆောင်ကိုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆိုလာပြားစက်ရုံအတွင်း ဆိုလာပြားများ ထုတ်လုပ်နေမှုအဆင့် ဆင့်နှင့် ဆိုလာပြားစမ်းသပ်ထုတ်လုပ်ရန် ၂၀၂၁ ခုနှစ်မှစတင်၍ ဈေးကွက်အတွင်းမှ ဝယ်ယူ၍လေ့လာခဲ့သည့်ဆိုလာပြားများနှင့် ကုမ္ပဏီမှ ထုတ်လုပ်ထားရှိသည့် ဆိုလာ ပြားများအားလှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
တာယာစက်ရုံ(ရွာမ)
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည်မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ တာယာစက်ရုံ(ရွာမ) မော်တော် ဆိုင်ကယ်တာယာနှင့် ကျွတ်ထုတ်လုပ်သည့်အလုပ်ရုံသို့ရောက်ရှိစစ်ဆေးရာ စက်ရုံမှူး နှင့် တာဝန်ရှိသူများက မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ် တာယာများ နှင့်ကျွတ်များ ထုတ်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်တွင်းလိုအပ်ချက်များသည့် မော်တော်ဆိုင်ကယ်တာယာများ၊ သုံးဘီးဆိုင်ကယ်တာယာများနှင့် ကျွတ်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အရည် အသွေးပြည့်မီကောင်းမွန်ရေး ပြည်တွင်းဈေးကွက်ဖူလုံမှုရှိစေရေးနှင့် ပြည်ပ ဈေးကွက် ရရှိရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ ကို မှာကြားသည်။
အမှတ်(၃)သံမဏိစက်ရုံ(ရွာမ)
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာစီးပွားရေးကော်ပိုရေးရှင်း အမှတ်(၃)သံမဏိစက်ရုံ(ရွာမ) သို့ရောက်ရှိကြပြီး အစည်းအဝေးခန်းမတွင် ကောင်စီဝင်၊ မြန်မာစီးပွားရေးကော်ပို ရေးရှင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစောက စက်ရုံသမိုင်းအကျဉ်း၊ လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေ၊ အရည်အသွေးမြင့် သံမဏိများ ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေမှုနှင့် အရည်အသွေးတိုင်းတာ စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိမှု၊ ကုန်ထုတ်လုပ်မှု စွမ်းအားကျဆင်းသည့် ကုန်ထုတ်စက်ကြီးများအား အသစ်ပြန်လည်တပ်ဆင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို လည်းကောင်း၊ အမှတ်(၃)သံမဏိစက်ရုံ(ရွာမ) စက်ရုံမှူးကြီးက စက်ရုံဆိုင်ရာအချက်အလက်များ၊ စက်ရုံမှ သံမဏိနှင့် ဆက်စပ်ပစ္စည်းများ၊ ဘိုး၊ နပ်များထုတ်လုပ်လျက်ရှိမှု အခြေအနေ များ၊ စက်များမှ သံမဏိထုတ် ကုန်များထုတ်လုပ်နိုင်မှု စက်စွမ်းအားအခြေအနေများ၊ အရည်အသွေးပြည့်မီသည့် သံမဏိများရရှိရေး စနစ်တကျထုတ်လုပ်နေမှုများ၊ ထုတ် လုပ်ထားသည့် Deformed Bar များကို အရည်အသွေး စစ်ဆေးခြင်းများဆောင်ရွက် ခဲ့ရာ သတ်မှတ်အရည်အသွေးထက် ပိုမိုကောင်းမွန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရမှုနှင့် သံရည်ကျိုလုပ်ငန်းဆောင်ရွက်မှု ဗီဒီယိုမှတ်တမ်းနှင့် စက်ရုံမှထွက်ရှိသည့် HRB-500 Steel Billet များအား ကုန်ထုတ်လုပ်နိုင်ရေး အမှတ်(၁)သံမဏိစက်ရုံ (ကျောက်စွယ်ကျိုး) သို့ လွှဲပြောင်းပေးပို့မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်တွင်း၌ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သံမဏိများလိုအပ် လျက်ရှိခြင်းကြောင့် ပြည်တွင်းသံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေးရန်လို ကြောင်း၊ အရေအတွက်ပြည့်မီရန်လိုအပ်သကဲ့သို့ အရည်အသွေးအရလည်းပြည့်မီရန် လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် စက်ရုံမှထွက်ရှိသည့် သံမဏိများနှင့် ပြည်ပနိုင်ငံများမှ ထုတ်လုပ်ထားသည့် သံမဏိများအား အရည်အသွေးနှိုင်းယှဉ်ပြသထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းလှည့်လည်၍ HRB-500 Steel Billet များ ထုတ်လုပ် နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် က အမှတ်(၃)သံမဏိစက်ရုံ(ရွာမ)မှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ စက်ရုံမှူးကြီးက လက်ခံရယူသည်။
အမှတ်(၂) သံမဏိစက်ရုံ(မြောင်းတကာ)
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မှော်ဘီမြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း အမှတ်(၂) သံမဏိစက်ရုံ(မြောင်းတကာ)သို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ကောင်စီဝင်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစောက စက်ရုံသမိုင်းအကျဉ်း နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက် များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ စက်ရုံမှူး ကြီးက စက်ရုံဆိုင်ရာအချက်အလက်များ၊ ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ စက်ရုံစတင်သည်မှ ယနေ့အထိဆောင်ရွက်ပြီးစီးခဲ့သည့် စီမံကိန်းဝင်မြစ်ကူးတံတား ကြီးများ၏ မှတ်တမ်းဓာတ်ပုံများနှင့် ဆက်လက်၍လည်း တံတားသံဘောင်များထုတ် လုပ်လျက်ရှိမှု၊ ကုန်းကျော်တံတားများအတွက် လိုအပ်သည့်သံဘောင်များအား ထုတ် လုပ်ပေးခဲ့မှု၊ လျှပ်စစ်တာဝါတိုင်များနှင့် သွပ်ဆေးတင်ခြင်း လုပ်ငန်းများဆောင်ရွက် လျက်ရှိမှု၊ တံတားလုပ်ငန်းများအတွက် သံဘောင်များနှင့် ဆက်စပ်ပစ္စည်းများ ဆက် လက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဓာတ်အားလိုင်းတာဝါ တိုင်များထုတ်လုပ်နေမှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သံမဏိထုတ်လုပ်ရေးလုပ်ငန်းသည် နိုင်ငံတော်အတွက် မဖြစ်မနေ လို အပ်သည့်လုပ်ငန်းဖြစ်ပြီး စက်ရုံအနေဖြင့် တာဝါတိုင်များ၊ တံတားသံဘောင်များကို စနစ်တကျဖြင့် ဆက်လက်ထုတ်လုပ်သွားရန်လိုကြောင်း၊ အဓိကအားဖြင့် တည် ဆောက်ရေးလုပ်ငန်းများအတွက် Deformed Bar များလိုအပ်သဖြင့်ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ဆောက်လုပ်ရေးသုံး သံမဏိများကို ပြည်ပမှ နှစ်စဉ်ဝယ်ယူနေရပါက နိုင်ငံတော်အတွက် ငွေကြေးကုန်ကျ မှုများပြားနေဦးမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်အတွက် ရှိပြီးဖြစ်သည့် သံအရင်းအမြစ်များကို စနစ်တကျဖြင့် ထုတ်ယူအသုံးချသွားရန်လို ကြောင်း၊ ပထမဦးစားပေးအနေဖြင့် Steel Billet များကို ထုတ်လုပ်သွားနိုင်ရန်လိုပြီး ထိုမှတစ်ဆင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး Deformed Bar များ ထုတ်လုပ်သွားနိုင် ရန်လိုကြောင်း၊ ပြည်တွင်း၌ရှိပြီးဖြစ်သည့် သံမဏိစက်ရုံများအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ မန္တလေး ငလျင်ကြီး လှုပ်ခတ်ခဲ့ချိန်တွင်လည်း အချို့ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများမှာ အရည် အသွေး ပြည့်မီမှုမရှိသည်ကိုစစ်ဆေးတွေ့ရှိခဲ့ရပြီး မိမိတို့အတွက် သင်ခန်းစာပင်ဖြစ် ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ခိုင်ခံ့စွာတည်ဆောက်နိုင်ရေးအတွက် အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးသုံးသံမဏိများကို ထုတ်လုပ်သွားနိုင်ရန် လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းလှည့်လည်၍ တံတားနှင့် သံထည်ထုတ်လုပ်ရေး လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားကာ စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ် သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စက်ရုံ Jetty နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန် ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံအလုပ်ရုံများ၌ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇွန် - ၂၁
Saturday, June 21, 2025 - 15:45