Friday, June 20, 2025 - 16:00
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသ ခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်ဆန္ဒမဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အနောက် မြောက်တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး(စစ်ကိုင်းတိုင်းဒေသကြီး)မှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများကမဲပေးစက်ဖြင့်လက်တွေ့စမ်းသပ်၍ သရုပ်ပြမဲပေးခဲ့ကြကြောင်း သတင်း ရရှိသည်။