တာချီလိတ်မြို့တွင်  ထိုင်းနိုင်ငံမှ အလိုရှိတရားခံပြေးအား  စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ နေပြည်တော်၊ ဇွန် ၁၀

Tuesday, June 10, 2025 - 14:30

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇွန်လ ၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ နယ်မြေ(၂)၊ ဟွေနမ့်လင်း ကျေးရွာရှိ ဒေါ်နန်းကော့၏ခြံဝင်း၌ ထိုင်းနိုင်ငံမှ အလိုရှိတရားခံပြေးများ ငှားရမ်းနေထိုင်လျက်ရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ထိုင်းနိုင်ငံမှ မူးယစ်မှုဖြင့်အလိုရှိတရားခံပြေး Mr. Phanatsak Riabpuang (ဖနပ်ဆက်ရိဖောင်း)နှင့် Miss.Wanida Jakkeaw (ဝနိဒါကျတျောက်)တို့ ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၀၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိသဖြင့် ၎င်းတို့ ၂ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။