မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သီတဂူဗုဒ္ဓ တက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးနေမှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက် စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုးဆွမ်းဦးပုညရှင်စေတီတော်နှင့် သာသနိက အဆောက် အအုံများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများနှင့် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက် မြို့မအားကစားခန်းမရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူ များအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပစ္စည်းရရှိ/ထုတ်ပေးဌာန၌ လုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ လုပ်အားပေး ဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်သည်။
ထို့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် နေအိမ်အဆောက် အအုံများ၊ မင်းလမ်းရပ်ကွက်၊ ရတနာဗိမာန် ထူပါရုံရွှေကျောင်းတိုက်ရှိ သာသနိက အဆောက်အအုံများနှင့် သောတပန်ရပ်ကွက်သကျဓီတာသီလရှင်စာသင်တိုက်နှင့် လေးကျွန်း မာရ်အောင် မြတ်စွာဘုရားကြီးရှိ သာသနိကအဆောက်အအုံများ၌ စက်ယန္တရားကြီး များဖြင့် အပျက်အစီးများဖယ်ရှားရှင်းလင်းမှု၊ ပြန်လည်ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက် နေမှု၊ စာသင်ကျောင်းအတွင်း ရေသန့်စက်ထားရှိမည့် အဆောက်အအုံသစ် ဆောက်လုပ် နေမှုနှင့် ယာယီကျောင်းဆောင်များ ဆောက်လုပ်ပေး နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် စစ်ကိုင်းတောင်ရှိ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းအချို့ ပြန်လည်နေရာချထားနိုင်ရေးအတွက် ရွာထောင်ရပ်ကွက်ရှိ လျာထားမြေလွတ်နေရာအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှား ရှင်းလင်းနေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန ်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ရွှေကြက်ယက် ဆုတောင်းပြည့် မြတ်စွာဘုရား၊ ရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရား၊ နန်းဦးကျောင်းတိုက်နှင့် အောင်မြေသာစံ မြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ အဘယာရာမ မိုးထိကျောင်းတိုက်များသို့ သွားရာက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီများနှင့် သာသနိကအဆောက် အအုံများရှိ အပျက်အစီးများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှု၊ ပြန်လည် ပြုပြင် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရှေးမူမပျက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ အမြန်ဆုံးပြီးစီးဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့်တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်ရှိ ရွှေစေတီစာသင်တိုက်၊ ကုလားကျောင်း ကျေးရွာအုပ်စုရှိ ရွာဦးဘုန်းကြီးကျောင်း၊ ကိုးပင်ကျေးရွာအုပ်စုရှိ မြန်မာ့လယ်ယာသုံးစက် ကိရိယာစက်ရုံ(အင်းကုန်း)သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက် ပျက်စီးမှုများအား ရှင်းလင်းဖယ်ရှားနေမှုနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်း များဆောင်ရွက်နေမှု၊ ကုလားကျောင်းကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်း လွန်ကျောင်း၌ မြန်မာသံတော်မြတ်ကုမ္ပဏီလီမိတက်၊ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံက လှူဒါန်းသည့် RC တစ်ထပ်စာသင်ကျောင်းဆောင် ဆောက်လုပ်နေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီး သွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံ များ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှု များနှင့် ကျောက်ဆည်မြို့၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စုရှိ သမိုင်းဝင် တမုတ်ရှင်ပင်ရွှေဂူ ဘုရားကြီး၌ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်း ပြီးစီးမှုနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။