ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိ ကျေးရွာအနီးရှိ နမ့်ဝုတ်(၁)၊ နမ့်ဝုတ်(၂) ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံများသို့ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများအတူ သွားရောက်ကြည့်ရူစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မိုင်းခွန်ကျေးရွာအုပ်စုရှိ နမ့်ဝုတ်(၁)၊ နမ့်ဝုတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ သွားရောက်၍ နမ့်ဝုတ်ချောင်းမှ ရေရရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုနှင့် ဓာတ်အားပေးစက်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရူစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက် အလက်များ၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးဆောင်ရွက်ထားရှိမှု၊ ဓာတ်အားပို့လွှတ်ပေးနေမှု လုပ်ငန်းလည်ပတ် နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးက လုပ်ငန်း လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။