မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော သောတပန်ရပ်ကွက် လေးကျွန်းမာရ်အောင်မြတ်စွာ ဘုရားကြီးရှိ သာသနိကအဆောက်အအုံများနှင့် စေတီတော်ကြီး ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်း တောင်ရိုးဆွမ်းဦးပုညရှင်စေတီတော်၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စေတီတော်ကြီး၏ငှက်ပျောဖူးအား အပိုင်းလိုက်ဖျက်၍ ရထားပျံဖြင့် မြေသို့ပင့်ဆောင် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ မြေသားညှိခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများ၊ သာသနိကအဆောက်အအုံများ၊ ဉမင်သုံးဆယ်စေတီတော်၌ သာသနိကအဆောက်အအုံများ၊ ပိတောက်ချောင်ကျောင်းတိုက်ရှိ သာသနိကအဆောက် အအုံများ၊ သောတပန်ရပ်ကွက် ရွှေဟင်္သာကျောင်းတိုက်ရှိ သာသနိက အဆောက်အအုံ များနှင့် သကျဓီတာသီလရှင်စာသင်တိုက်ရှိ သာသနိကအဆောက်အအုံများကို လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မိုးမကျမီ စက်ယန္တာရားကြီးဖြင့် ဖယ်ရှားရှင်းလင်း ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ အားဖြည့်အချိုရည်များ ပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် နန်းဦးမြို့သစ် လေးကျွန်းမြေအုဌ်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် သံဃာတော်များ သီတင်သုံး နေထိုင်ရန်အတွက် ယာယီကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် ပါရမီရပ်ကွက် နှစ်(၇၀၀)ပြည့် အားကစားကွင်အတွင်းရှိ တပ်မတော်နယ်လှည့်ဆေးကု သရေးအဖွဲ့မှ စစ်ကိုင်းမြို့ ငလျင်ဘေးဒဏ်သင့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ (၃)ထပ်ဆောင်အား မိုးမကျမီစက်ယန္တာရားကြီးဖြင့် ဖယ်ရှား ရှင်းလင်းနေမှုအခြေအနေများ၊ ယာယီစာသင်ဆောင်များ ဆောက်လုပ်နေမှုအခြေအနေ များနှင့် စာသင်ကျောင်းအတွင်း သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ပြီးစီးမှုအခြေ အနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်အားပေး ဆောင်ရွက်နေကြသည့် လုံခြုံးရေးတပ်ဖွဲ့ဝင်များအား ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံမှ အားဖြည့် အချိုရည်များ ပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့်တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်ရှိ ၃၂လမ်း၊ ၇၄လမ်းနှင့် ၇၅လမ်းကြား၊ ပြည်ကြီး မျက်ရှင်ရပ်ကွက်၊ ကစ္စနမဟီရပ်ကွက် များရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိလူနေ အဆောက်အအုံ များနှင့် နေ့စဉ်အများပြည်သူ အသုံးပြုမှုများသည့် လမ်းမကြီးများဖြစ်သည့်အတွက် လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးတို့အတွက် ကူညီကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စနစ်တကျပြုလုပ် ဆောင်ရွက်သွား ရန်၊ ကစ္စနမဟီရပ်ကွက်၊ ရွှေချည်ထိုးရပ်ရှိ အန္တရာယ်ရှိ အဆောက်အအုံသည် ၃၅ လမ်း ဂုံးကျော်တံတားနှင့် ကပ်လျက်ဖြစ်သည့်အတွက် ဂုံကျော်တံတားနှင့် အနီးရှိ အဆောက် အအုံများအား ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် အဖွဲ့သည် အောင်မြေသာစံ မြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ Sky Villa နေရာသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှင်းလင်းရန်ကျန်ရှိနေသည့် “ A ” ဆောင်အား စက်ယန္တရား ကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းအခြေအနေများ၊ ဖြိုဖျက်ပြီးသော အဆောက်အအုံနေရာများတွင် အပျက်အစီးများ ဆက်လက်ဖယ်ရှားရှင်းလင်းနေမှု အခြေအနေများ၊ လုပ်ငန်းခွင်အနီးရှိ ပစ္စည်း လက်ခံ/ လွှဲပြောင်းရေးအဖွဲ့ယာယီရုံးတွင် Sky Villa အဆောက်အအုံ အပျက်အစီးများအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ဖယ်ရှားရှင်းလင်းရာမှ ဖော်ထုတ်ရှာဖွေတွေ့ရှိသောပစ္စည်းများအား ပစ္စည်းလက်ခံရှာဖွေ စုဆောင်းရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျအပ်နှံမှုနှင့် ထိန်းသိမ်းထားရှိ မှု အခြေအနေများနှင့် သက်ဆိုင်ရာပိုင်ရှင်များလက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး စနစ်တကျ ပြုလုပ် ဆောင်ရွက်သွားရန်၊ အနီးရှိအဆောက်အအုံများအား ထိခိုက်မှုမရှိစေရေး အထူး ဂရုပြု ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းမြို့အတွင်းရှိ အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း သို့သွားရောက်၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများမှ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား လည်းကောင်း၊ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးသွားသော စာသင်ဆောင်အခန်းများအား ပြုပြင်ပြီးစီးမှု အခြေ အနေများနှင့် အပျက်အစီးများအား တပ်မတော်သား စစ်သည်များမှ အင်တိုက်အားတိုက် ရှင်းလင်းနေမှု အခြေအနေများအားလည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါ ရပ်ကွက်၊ ၇၆လမ်း၊ ၃၄လမ်းနှင့် ၃၅လမ်းကြားရှိ အန္တရာယ်ရှိ လူနေအဆောက်အအုံအား စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ဖြိုချရှင်းလင်းနေမှုအခြေအနေ အားလည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စနစ် တကျ ပြုလုပ်ဆောင်ရွက်သွားရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့်တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ ယာယီ(၃)ခန်းတွဲ လိုင်းခန်းများ ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ အသစ်ထပ်မံ ဆောက်လုပ်ပေးမည့်မြေနေရာများနှင့် ခရိုင်အသေးစား စက်မှုလက်မှုရုံးဝန်းအတွင်း၌ Modular Container House များဖြင့် (ယာယီ)ရုံး ဆောက်လုပ်ပြီးစီးမှု အခြေအနေများ နှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့၊ ပြည်သူ့ဆေးရုံအနောက်ဘက်၌ ဆည်မြောင်း ဦးစီးဌာနမှ ဇော်ဂျီမြစ်ရေထိန်းတာဘောင်လုပ်ငန်းများအား စက်ယန္တရားများဖြင့် မြေဖို့ ခြင်းနှင့် တာတမံများပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်နေမှုအခြေအနေများ၊ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ(မြင်စိုင်း) ကျောင်းဝန်းအတွင်း၌ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် စဉ့်ကိုင်မြို့နယ်၊ ဘဲလင်းကျေးရွာအုပ်စု၊ ဘဏ္ဍာ ကျေးရွာရှိ ရွှေမြင်တင်ဘုရားကြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံမည့် အစီအမံ များနှင့် ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရေးနှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူ များအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇွန် ၇ ရက်
Saturday, June 7, 2025 - 15:30