ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်မွန်းမြို့နယ် အတွင်းရှိ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး) ကြိုးတံတားသည် မေလ ၃၁ ရက်တွင် မေခမြစ်ရေအဆမတန်မြင့်တက်မှုကြောင့် မြစ်အတွင်းမျောပါသွားခဲ့ သဖြင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ပြီး အဆိုပါဒေသရှိ ရေဘေးသင့် ပြည်သူများ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် ပျက်စီးခဲ့သည့် ကြိုးတံတားအား ဌာနဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးပြန်လည် ဆောက်လုပ်ခဲ့ရာ ဇွန်လ ၄ ရက်နေ့ တွင် ဆောက်လုပ်ပြီးစီးခဲ့မှုနှင့် နောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် မော်တော်ယာဉ်များဖြင့် စားသောက်ဖွယ်ရာများ သွားရောက်ပို့ဆောင်လျက် ရှိသည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ယနေ့တွင် အဆိုပါ နောင်မွန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများဖြစ် သည့် တလာထုကျေးရွာ၊ ပန်းနန်းဒင်ကျေးရွာနှင့် ရီဒမ်းကျေးရွာတို့ရှိ ဒေသခံပြည်သူ ၂၅၉ ဦးတို့အား တပ်မတော်မှ ထောက်ပံ့ပေးအပ်သည့် ဆန် ၁၁၅ အိတ်၊ ဆီ ၁၇၅ ပိဿာ၊ ဆား ၅၈ ပိဿာ၊ ကုလားပဲ ၃၈၈ ပိဿာ၊ ဆေးဝါးများနှင့် အခြားစား သောက်ဖွယ်ရာများကို နယ်မြေခံတပ်မတော်သားများနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာများသို့ သွားရောက်ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။