မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော စစ်ကိုင်းမြို့၊ အောင်ချမ်းသာရပ်ကွက် စစ်ကိုင်းဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ် အတွင်းရှိ အဆောက်အအုံများ ပြန်လည်ပြင်ဆင်ထားမှုနှင့် ကျောင်းဖွင့် ရာသီအမီ ပြင်ဆင်ထားမှုများ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စီတီး ရပ်ကွက်ရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်မြတ်ကြီး၊ ပိုးတန်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ (၃)ထပ်ဆောင်နှင့် အမှတ်(၁)နှင့် အမှတ်(၂)ထူပါရုံကျောက်စာတိုက် အဆောက်အအုံတို့၌ အပျက်အစီးများ ရှင်းလင်း ဖယ်ရှားပေးနေမှုနှင့် ယာယီစာသင်ဆောင်များ ပြန်လည် ဆောက်လုပ်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လုပ်အားပေးဆောင်ရွက်နေသူများအား အားဖြည့် အချိုရည် များ ပေးအပ်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော် ၊ စစ်ကိုင်းတောင်ရိုး ပိတောင်ချောင်ကျောင်းတိုက်၊ ထွဋ်ခေါင်ရပ်ကွက် မိုးညှင်းကျောင်းတိုက်၊ သောတပန် ရပ်ကွက် သီတဂူဗုဒ္ဓတက္ကသိုလ် ပုရဝုဏ်အတွင်းနှင့် သကျဓီတာသီလရှင်စာသင်တိုက်တို့၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များက အပျက်အစီးများ ရှင်းလင်းဖယ်ရှားပေးနေမှု၊ သန့်ရှင်းရေး ဆောင်ရွက်ပေးနေမှု နှင့် စက်ယန္တရားကြီးများဖြင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းမှုများကို ကြည့်ရှု အားပေး၍ လုပ်အားပေးဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုး အောင် နှင့်တာဝန်ရှိသူများသည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိ အရှေ့ရပ်ကွက်၊ မဟာအောင်မြေအနောက်ရပ်ကွက်နှင့် ရဲမွန်တောင်ရပ်ကွက်၊ ချမ်းမြ သာစည် မြို့နယ်၊ ကန်သာယာရပ်တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ် ရှိလူနေအဆောက်အအုံများရှိ ဖြိုချရှင်းလင်းရန်ကျန် အဆောက်အအုံများ အား လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုများ၊ ဖြိုချဖျက်စီးဆဲ အန္တယ်ရှိ အဆောက် အအုံများ၌ စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းရေး ဆောင်ရွက်နေမှု၊ ဖြိုချပြီးအပျက်အစီးများအား အပြီးသတ် ရှင်းလင်းနေမှုများ၊ အများ ပြည်သူ အသုံးပြုမှုများသည့် လမ်းမကြီးများ၌ လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးတို့အတွက် ဆောင်ရွက်ထားရှိမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာရှိ မဟာ သက်ကျရံသီ ကျောက်တော်ကြီး မြတ်စွာဘုရားများသို့ သွားရောက်၍ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော စိန်ဖူးတော်များနှင့် ဋ္ဌာပနာပစ္စည်းများအား သိမ်းဆည်း ထားရှိမှုနှင့် အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ရှိ ဗေါင်းတော်ရ ဆုတောင်းပြည့် မြတ်စွာဘုရား ၊ ရေနားပရိယတ္တိ စာသင်တိုက်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော နှစ်ထပ်ကျောင်းဆောင်အား စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အပျက်အစီးများအား တပ်မတော် သားများက ရှင်းလင်းဖယ်ရှားနေမှုများကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် အောင်မြေသာစံမြို့နယ်၊မန္တလေးတောင်တော်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဘုရားစေတီများနှင့်သာသနိကအဆောက်အအုံများ၌ အပျက်အစီး များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက် နေမှုတို့ကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့်တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ငှက္ကတောင်ကျေးရွာ၊ ရွာဦးဘုန်းကြီး ကျောင်းတိုက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံ များအား ပြန်လည်ပြုပြင်မွမ်းမံနေမှုများအား သွားရောက်ကြည့်ရှုပြီး ကျောင်းထိုင် ဆရာတော် အား လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ် လှူဒါန်းသည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့၊ ရွှေတောင်ထီးစေတီတော်ကြီး၌ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများ၊ စုကြီးရပ်ကွက်ရှိ ကျောက်သေတ္တာစေတီ ကျောက်တုံးကြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် လိုအပ်သည့် ပစ္စည်းများ သယ်ယူရာတွင် အထောက်အပံ့ဖြစ်စေရန် ဆိုင်းကြိုးတပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက် နေမှုများ၊ စဉ့်ကိုင်မြို့နယ်၊ တောင်ရင်းကျေးရွာရှိ ပင်မဓာတ်အားခွဲရုံ(ဘယ်လင်း)ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုများနှင့် ဓာတ်အား အပြည့်အဝဖြန့်ဖြူး ပေးနိုင်စေရေးအခြေအနေများနှင့် ရှမ်းကန်မြောက် ကျေးရွာရှိ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)တို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအား ပြန်လည်ပြုပြင် ဆောင်ရွက် နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇွန် ၆ ရက်
Friday, June 6, 2025 - 20:30