မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော မန်ကျည်စင်ရပ်ကွက်ရှိ ဘုရားကြီးကျောင်းတိုက်၊ စီတီးရပ်ကွက်ရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ ပိုးတန်းရပ်ကွက်ရှိ ထူပါရုံစေတီနှင့် သောတပန်ရပ်ကွက်ရှိ စာသင်တိုက်များ၌ အပျက်အစီးများကို မိုးမကျမီ ဖယ်ရှား ရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်အားများ တိုးချဲ့၍အရှိန်အဟုန်မြှင့် ဖယ်ရှား ရှင်းလင်းနေမှုများ၊ အဖွဲ့အစည်းအသီးသီးက စုပေါင်းရှင်းလင်းဖယ်ရှားနေမှုများနှင့် ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် တပ်မတော်ရေသန့်စက်ဖြင့် ရေသန့်ထုတ်ဝေပေး နေမှုများ၊ နန်းဦးမြို့သစ်ရှိ ဝန်ထမ်းအိမ်ရာများတွင် မိုးမကျမီ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်နိုင်ရန် Modular House ဆောက်လုပ်ပြီးစီးမှုနှင့် ဆောက်လုပ်နေမှုများ၊ စစ်ကိုင်းမြို့အတွင်းရှိ နေအိမ်အဆောက်အအုံများနှင့် တကောင်းရပ်ကွက် ဧရာဝတီ မြစ်ကူးတံတား(စစ်ကိုင်း)အောက် မြေနိမ့်ပိုင်းရှိ ရေဝပ်သောနေရာများအား စက်ယန္တရား များဖြင့် မြေဖို့ခြင်းဆောင်ရွက်နေမှုနှင့် ပါရမီရပ်ကွက်၊ နှစ်(၇၀၀)ပြည့် အားကစားကွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများစောင့် ရှောက်ရေးစခန်းမှ ငလျင်ဒဏ်သင့် ပြည်သူများ ၏ စားသောက်နေထိုင်ရေးအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည် မန္တလေးတက္ကသိုလ်သို့ သွားရောက်၍ ပင်မဆောင်အပေါ်ထပ်ရှိ ငလျင် ဒဏ်ကြောင့် မီးလောင်ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား စက်ယန္တရား ကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် လုပ်ငန်းတိုးတက်မှုများ၊ ပြန်လည်အသုံး ပြု၍ရသည့် ပရိဘောဂပစ္စည်းများ၊ စာအုပ်စာစောင်များ၊ သင်ထောက်ကူပစ္စည်းများအား ရွှေ့ပြောင်းထားရှိမှုများနှင့် ဌာနအသီးသီးရှိ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးနေရာများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းရင်းဆေးရုံ ကြီးနှင့် ချမ်းမြသာစည်မြို့နယ်ရှိ၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(မန္တလေး)တို့ရှိ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကုသဆောင်များမှ အပျက်အစီးများကို အဖွဲ့အစည်း အသီးသီးက ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု ၍ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(မန္တလေး)အတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။
၎င်းနောက် အမရပူရမြို့နယ်ရှိ အောင်ချမ်းသာဘုရားသို့သွားရောက်၍ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သော အပျက်အစီးများအား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့်တာဝန်ရှိသူများသည်ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ကျောက်ဆည်တက္ကသိုလ် ၌ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသောအပျက်အစီးများအား ပြန်လည်ပြုပြင်ဆောင် ရွက်နေမှုများနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကွန်ပျူတာ တက္ကသိုလ်(မန္တလေး)၌ ငလျင်ဒဏ်ကြောင့် စာမေးပွဲဖြေဆိုရန် ရပ်တန့်ခဲ့ရသော ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲပြန်လည်ဖြေဆိုနေမှုများနှင့် ယာယီစာသင် ဆောင်များဆောက်လုပ်နေမှုများ၊ တရုတ်စုရပ်ကွက်၊ မျက်စိအထူးကုဆေးရုံရှိ ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သောအဆောက်အအုံများနှင့် ဆေးကုသမှုများဆောင်ရွက် ပေးနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ရန်အောင်မြင်ရပ်ကွက်ရှိ ရွှေကျောင်း ကျောင်းတိုက်တွင် ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြင်ဆင် ဆောက်လုပ်နေမှုများအား သွားရောက်ကြည့်ရှု၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။