မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများရှိ အပျက်အစီးများအား မိုးမကျမီ ဖယ်ရှာရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်အား များ တိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ အဖွဲ့အစည်းအသီးသီးက စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှုများနှင့် ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့်မြို့သန့်ရှင်းသာယာလှပရေးတို့အတွက် စစ်ကိုင်းမြို့ရှိ ရေနုတ်မြောင်းများအားရှင်းလင်းနေမှု၊ ငလျင်ဘေးဒဏ်ကြောင့် လမ်းဘေးဝဲယာအပြို အပျက်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖယ်ရှားရှင်းလင်းနေမှုများ၊ ရွှေတောင်ဦးမော် ရပ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုမရှိသော ၁၈၇၄ခုနှစ်၊ ဇွန်လက အိမ်ရှေ့စံ ကနောင်မင်းသားကြီး တည်ဆောက်ခဲ့သည့် စစ်ကိုင်းသံချက်ဖို၊ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် တပ်မတော်ရေသန့်စက်ဖြင့် ဧရာဝတီမြစ်ရေကို သန့်စင်ပြီး ရေသန့်ထုတ်ဝေပေးနေမှု များနှင့် ပါရမီ ရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့်အားကစားကွင်းတွင် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အပျက်အစီးများကို ဖယ်ရှာရှင်းလင်း နေမှုအား ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်နှင့် အမရပူရမြို့နယ်တို့ရှိ ဘုရားစေတီများရှိ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုနှင့် ပြန်လည်တည်ဆောက်ရေးဆောင်ရွက်နေမှု၊ ချမ်းအေးသာစံ မြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ လူနေအဆောက် အအုံများအား ဖြိုချပြီးအပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှု၊ ဖြိုချဖျက်ဆီးဆဲ အန္တရာယ်ရှိအဆောက်အအုံများ၌ စက်ယန္တရားကြီးများအသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းရေးဆောင်ရွက်နေမှု၊ အများပြည်သူ အသုံးပြုမှုများသည့် လမ်းမကြီးများ၌ လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေးနှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးတို့ကို လိုက်လံ ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ကျောက်ဆည်မြို့နယ် အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ ၂၀၇၃၃ ဦးအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ငလျင်ဘေးသင့် ပြည်သူများအား အားပေးစကားပြောကြားသည်။
၎င်းနောက် ကျောက်ဆည်မြို့ရှိ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုရား စေတီများနှင့် သာသနိက အဆောက်အအုံများ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေ မှု၊ ကိုးပင်ကျေးရွာအုပ်စုရှိ အင်ကုန်းဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု၊ ၂ ခန်း တွဲဝန်ထမ်းအိမ်ရာနှင့် ပစ္စည်းဂိုဒေါင်ပျက်စီးမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်အားပေးဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး မြစ်သားမြို့နယ်၊ကူမဲမြို့ရှိ ရွှေဘုံသာကျောင်းဝန်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုရားစေတီများရှိ အပျက်အစီးများအား စက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်နေမှု၊ ကူမဲမြို့ရှိ ဗြဟ္မပါလလူမှုကူညီရေးအသင်း ရုံးဝန်းအတွင်း၌ Modular House များဖြင့် ယာယီကျေးလက်ကျန်းမာရေးဆေးခန်း ဖွင့်လှစ် ဆောင်ရွက်နေမှုနှင့် ကူမဲမြို့အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွား သော အဆောက်အအုံများအား ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက် ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်း ဖြင့် ရောင်းချပေးနေမှုများအားသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသတင်းရရှိသည်။