မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးမြို့၊ မန္တလေးတောင်တော်သို့ သွားရောက်၍ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများနှင့် ဘုရား၊ စေတီပုထိုးများ၌ အပျက်အစီးများရှင်းလင်း ဖယ်ရှား ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် Sky Villa နေရာသို့သွားရောက်၍ အပျက်အစီးများ ရှင်းလင်းရန် ကျန်ရှိသည့် “ A ” ဆောင်ကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှု၊ ဖြိုဖျက်ပြီးသော အဆောက်အအုံနေရာများတွင် အပျက်အစီး များဖယ်ရှား ရှင်းလင်းနေမှု၊ လုပ်ငန်းခွင်အနီးရှိ ပစ္စည်း လက်ခံ/ လွှဲပြောင်း ရေးအဖွဲ့ ယာယီရုံး၌ Sky Villa အဆောက်အအုံ အပျက်အစီးများအား ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့များက ဖယ်ရှားရှင်းလင်းစဉ် တွေ့ရှိခဲ့သော ပစ္စည်းများကို ပစ္စည်း လက်ခံ ရှာဖွေ စုဆောင်းရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျအပ်နှံမှုနှင့် ထိန်းသိမ်း ထားရှိမှုများနှင့် သက်ဆိုင်ရာပိုင်ရှင်များ လက်ဝယ်သို့ ပြန်လည်လွဲပြောင်း ပေးနိုင်မှု တို့ကို ကြည့်ရှုစစ်ဆေး၍ စားသောက်ဖွယ်ရာများပေးအပ်ကာ တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ် အတွင်းရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက်အအုံများအား ဖြိုချပြီး အပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှုနှင့် ဖြိုချဖျက်စီးဆဲ အန္တရာယ်ရှိ အဆောက် အအုံများ၌ စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းရေး ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ် ၊ တိုးချဲ့ (၄) ရပ်ရှိ တြိရတနာ မဟာအောင်မြေမြတ်စွာဘုရား ခြောက်ဆူကုန်းတော်သို့ သွားရောက်၍ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးသွားသော စေတီပုထိုးများနှင့် ဘုရားပရဝဏ်အတွင်းရှိ ရှေးဟောင်းအုတ်ကျောင်းတော်ကြီးတို့၌ တပ်မတော်သားများက ဖယ်ရှားရှင်းလင်းနေမှု တို့ကို ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် အမရပူရမြို့နယ် ၊ မှန်တန်းရပ်ရှိ မင်းတုန်းမင်းမယ်တော် ပြာအိုး အုတ်ဂူ၊ ဝါးတန်းမြောက်အရပ်ရှိ သက်တော်ရ သက်တော်ရှည် မြတ်စွာဘုရား၊ မှန်တန်းရပ်ရှိ ပင်မပတ္တမြားရိပ်သာနှင့် မဟာဝေယံဘုံသာ ဗားကရာ ကျောင်းတော်ကြီး တို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား အဖွဲ့အစည်း အသီးသီးက ရှင်းလင်းဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ ဖြိုချဖျက်စီးဆဲ အန္တရာယ်ရှိ အဆောက်အအုံအပျက် အစီးများအား စက်ယန္တရားကြီးများ အသုံးပြုရာတွင် Orienyal Highway Company နှင့် မြန်မာပြည်ဖွား တရုတ်ဟုတ်ကြန့် မျိုးနွယ်များက ပူးပေါင်းရှင်းလင်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပင်မပတ္တမြား ရိပ်သာဆရာတော်ကြီးများအား အလှူ ငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် စဉ့်ကိုင်မြို့နယ်ရှိ မြစိမ်းရောင်ခန်းမ၌ ဒေသခံပြည်သူများအား “ငလျင်ဒဏ် ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်နိုင်ရေးအသိပညာပေးဟောပြောပွဲ” သို့ တက်ရောက်၍ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် တည်ဆောက် ရမည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များနှင့် အသုံးပြုရမည့်ပစ္စည်းများအား ကျွမ်းကျင်သူ များနှင့် တိုင်ပင်၍ ပြုလုပ်ဆောင်ရွက်သွားရန် အသေးစိတ်ဆွေးနွေး၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ဒေသခံပြည်သူများ၏ သိရှိလိုသည့်အချက်များ ကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။
၎င်းနောက် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွား သော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေအဆောက် အအုံများ ပြန်လည် ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်း နှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေ အနေများအား သွားရောက်ကြည့်ရှုကြသည်။
ထို့နောက် စဉ့်ကိုင်မြို့နယ်၊ မြေစာရင်းဦးစီးဌာနရုံးဝန်းအတွင်းရှိ Modular Container House များဖြင့် (ယာယီ)ရုံးဆောက်လုပ်ပြီးစီးမှုအခြေအနေများနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။