ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် အလှူငွေဆက်လက် လက်ခံမည့်အစီအစဉ် အသိပေးကြေညာခြင်း
၂၈-၃-၂၀၂၅ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန် နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ၂၉-၅-၂၀၂၅ ရက် (ကြာသပတေးနေ့) တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ လှူဒါန်းမှုများကို အခမ်းအနားဖြင့် ဒုတိယအကြိမ်အဖြစ် ဆက်လက်လက်ခံသွားမည်ဖြစ်ပါသည်။
လှူဒါန်းလိုသူများအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အောက်ပါပုဂ္ဂိုလ်များသို့ ဆောလျင်စွာ ဆက်သွယ်စာရင်းပေးသွင်း လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
(၁) ဒေါ်လဲ့လဲ့အေး၊ ညွှန်ကြားရေးမှူးချုပ်
ဖုန်းနံပါတ် ၀၉-၂၀၂၁၄၉၁
(၂) ဦးညီညီနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်
ဖုန်းနံပါတ် ၀၉-၅၀၅၂၃၅၂
(၃) ဒေါ်ဖြူဖြူဝင်း၊ ညွှန်ကြားရေးမှူး
ဖုန်းနံပါတ် ၀၉-၄၃၀၅၄၈၄၄
ရုံးဖုန်း ၀၆၇-၄၀၄၇၀၂၊ ၀၆၇-၄၀၄၇၀၁၊ ၀၆၇-၄၀၄၇၁၀
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ