မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ် ကြောင့်ပြိုကျပျက်စီးခဲ့သော ဘုရားစေတီပုထိုး များတွင် ကျွမ်းကျင်ပညာရှင်များမှ စေတီတော်များ တိမ်းစောင်းခြင်းရှိ/မရှိ၊ မြေအောက်သို့နိမ်ကျွံခြင်းရှိ/မရှိ၊ စေတီတော် အက်ကွဲကြောင်းများ တိုင်းတာခြင်းလုပ်ငန်းများ ဆောက်ရွက်နေမှု အခြေအနေများနှင့် စုပေါင်းရှင်းလင်းဖယ်ရှားနေမှုများအား လည်းကောင်း၊ ဝါချက်ကျေးရွာ ငလျင်ဒဏ် ကြောင့်ပြိုကျပျက်စီးခဲ့သော အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ကျောင်းဆောင် များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်ကျင်း သန့်ရှင်သာယာလှပရေး၊ ကျောင်းသား/ သူများ ကျောင်းအပ်လက်ခံထားရှိမှုအခြေအနေများနှင့် ယာယီကျောင်းဆောင်သစ် ဆောက်လုပ် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် စစ်ကိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်၌ Grade-12စာမေးပွဲ ပြန်လည် ဖြေဆိုမည့် ကျောင်းသား/သူများ အနီးကပ်စခန်းသွင်း လေ့ကျင့်သင်ကြားနေမှုများနှင့် ကျောင်းသား/သူများနေထိုင်သည့် အိပ်ဆောင်များအား လည်းကောင်း၊ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ ရွှေဟင်္သာကျောင်းတိုက်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို အဖွဲ့အစည်း အသီးသီးမှ စုပေါင်းရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအားလည်းကောင်း၊နန်းဦးမြို့သစ်အတွင်း ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းမိသာစုများ မိုးမကျမီ အမြန်ဆုံး ပြောင်းရွှေ့ နေထိုင်နိုင်ရေးအတွက် Modular Houseများနှင့် ယာယီလူနေ အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်ကျောင်း ငလျင်ဘေးဒဏ်သင့် ပြည်သူများစောင့်ရှောက်ရေးစခန်း အတွင်းရှိ ဒေသခံပြည်သူများကို အားပေးစကားပြောကြာပြီး ယာယီကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အနောက်ရပ်ရှိ ချမ်းသာကြီးမြတ်စွာဘုရားနှင့် အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်ရှိ အနောက်တိုက်တော်အုဋ္ဌ်ကျောင်းသို့သွားရောက်၍ ငလျက်ဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့သည့် အပျက်အစီးများအား အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်း၍ အပျက်အစီးများ ဖယ်ရှား ရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စက်ယန္တရားကြီးများ အသုံးပြု၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု့ အားပေးပြီး ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။
ယင်းနောက် အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက်ရှိ ဉာဏဝတီ သီလရှင် စာသင်တိုက် တကောင်းတိုက်သို့ လည်းကောင်း၊ အမရပူရမြို့နယ် ဆင်စွယ်ပွတ် ကျေးရွာရှိ လောကမုနိ မြတ်စွာဘုရားသို့ လည်းကောင်း သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုရားစေတီပုထိုး များအား အဖွဲ့အစည်း အသီးသီးမှ ဖယ်ရှားရှင်းလင်းပြီးစီးမှု အခြေအနေများအား လည်းကောင်း ၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်ပင်မ ဆောင်ရှိ ငလျင်ဒဏ်ကြောင့် မီးလောင်ပြိုကျ ပျက်စီးသွားသော အပျက်အစီးများအား တပ်မတော်သားစစ်သည်များမှ ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှု အခြေအနေတို့အား လိုက်လံကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၊ မြို့နယ်ခန်းမ၌ ဒေသခံပြည်သူများအား “ငလျင်ဒဏ်ခံနိုင် သည့်အဆောက်အဦများ ဆောက်လုပ်နိုင်ရေးအသိပညာပေးဟော ပြောပွဲ” သို့ တက်ရောက်ပြီး အဆောက်အအုံများ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများအား အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံ ပြည်သူတစ်ဦးချင်းစီမှသိရှိလိုသည့်အချက်များအား တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။
၎င်းနောက် ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်ခန်းမဝန်းအတွင်းရှိ မြို့နယ် စည်ပင် သာယာရေးအဖွဲ့အင်ဂျင်နီယာဌာနခွဲ(ယာယီ)ရုံးနှင့် မြစ်သားမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းအတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီ)ရုံးများအတွက် Modular Container House များ ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (မြစ်သား) နှင့် မြစ်သားမြို့နယ်၊ ဘူတာရပ်ကွက်၊ အမက(ဘူတာ)ကျောင်းဝန်းအတွင်းရှိ ယာယီ ကျောင်း ဆောင်သစ်များ ဆောက်လုပ်နေမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ ကောင်းမွန်စွာပညာသင်ကြားနိုင် စေရေးအတွက် ကျောင်းဖွင့်ချိန်အမီ တည်ဆောက်နိုင်စေရေး တာဝန်ရှိသူများ အား မှာကြားခဲ့သည်။
ဆက်လက်ပြီး ဘူတာရပ်ကွက်၊ ရေဝန်း-မြင်းခြံ ကားလမ်း ဘေးနှင့် ပြည်ပန်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး လမ်းမကြီးဘေးရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရယ်ရှိ နေအိမ် အဆောက်အဦ တို့အား စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့်အဆောက်အဦများအား SOP စနစ်ဖြင့်ဘုတ် အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အချိန်အထိ အဆောက်အဦ (၈၅၅၇)လုံးအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး ပြန်လည် ပြုပြင်နေထိုင်နိုင်မည့်အဆောက်အဦ (၈၀၁၀)လုံး၊ ဦးစားပေး ဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အဦ(၅၄၇)လုံးမှ အဆောက်အဦ (၅၄၇)လုံးတို့အား ရှင်းလင်း ဆောင်ရွက်ပေးခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အဦများမရှိကြောင်း သတင်း ရရှိသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၂၆ ရက်
Monday, May 26, 2025 - 17:00