ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၂၅ ရက်

Sunday, May 25, 2025 - 16:00

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်   ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည်  မန္တလေးမြို့၊ ချမ်းမြ သာစည် မြို့နယ်ရှိ မဟာမုနိဘုရားကြီး  အဓွန့်ရှည်စွာ တည်တံ့နိုင်ရေးနှင့် မြေငလျင် ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို  ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် မဟာ မုနိဘုရားကြီးရှေ့တော်၌ ကျင်းပပြုလုပ်သော မဟာမုနိဂေါပကအဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီးများထံတော်မှ “နဝမ”အကြိမ် ဩဝါဒခံယူပွဲ အခမ်းအနားသို့ တက်ရောက်၍ နိုင်ငံတော် ဩဝါဒါစရိယ မဟာဓမ္မိကာရာမကျောင်းတိုက် မိတ္ထီလာကျောင်းဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနပီယထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက် လာကြသော ဩဝါဒါစရိယရာတော်ကြီးများအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

၎င်းနောက် မဟာမုနိဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ငလျင်လှုပ်ခတ်မှု ကြောင့် ပျက်စီးမှုများ ပြုပြင်ဆောင်ရွက်နေမှုတို့ကို တင်ပြလျှောက်ထားပြီး ဩဝါဒါ စရိယ ဆရာတော်ကြီးများထံမှ ဩဝါဒများခံယူကြသည်။ ယင်းနောက် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တကေသရထံမှ အနုမောဒနာတရား နာကြားကာ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် ဩဝါဒါစရိယရာတော်ကြီး များနှင့်အတူ မဟာမုနိဘုရားကြီး၏ ဂန္ဓကုဋိတိုက် အတွင်းပိုင်းနှင့် အပြင်ပိုင်း  ကြံ့ခိုင်မှု အခြေအနေများ၊ ကျောင်းတော်ကြီး၏ ဘုံခုနှစ်ဆင့်နေရာတွင် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ရှေးမူမပျက်ဆောင်ရွက်နေသည့် အခြေအနေများနှင့်  ဘုရားကြီး၏ ဘဏ္ဍာတော်တိုက်ကြံ့ခိုင်မှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး ကြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့်အဖွဲ့သည် မန္တလေးမြို့၊ ချမ်းအေး သာစံမြို့နယ်ရှိ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းနှင့် အောင်မြေသာစံ မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထား ရှိမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက်  ကျောင်းသား/ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှု များကို ကြည့်ရှုအားပေးပြီး ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့ပြင် ၂၀၂၅-၂၀၂၆ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေမှု အခြေအနေများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်စပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။  

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည်   ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော  မန္တေလေးမြို့၊ ချမ်းအေးသာစံမြို့နယ်နှင့်    ရန်မျိုးလုံရပ်ကွက်တို့ရှိ   အန္တရာယ်ရှိ လူနေအဆောက်အအုံ များအား  စက်ယန္တရားများဖြင့် ဖြိုချရှင်းလင်း ဆောင်ရွက်နေမှု  အခြေအနေများကို  သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်မြို့၊ ဟန်မြင့်မိုရ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဒေသခံ ပြည်သူများအား “ငလျင်ဒဏ်ခံနိုင်သည့်အဆောက်အဦများ ဆောက်လုပ်နိုင်ရေး အသိပညာပေးဟောပြောပွဲ” သို့ တက်ရောက်၍ အဆောက်အဦများ ပြန်လည် တည်ဆောက်ရမည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များနှင့် အသုံးပြုရမည့် ပစ္စည်းများကို ကျွမ်းကျင်သူများနှင့်တိုင်ပင်၍ပြုလုပ်ဆောင်ရွက်ရေး အသေးစိတ်ဆွေးနွေးခဲ့ပြီး   ဒေသခံပြည်သူများ၏ သိရှိလိုသည့်အချက်များကို တာဝန်ရှိသူများက ရှင်းလင်းပြော ကြားသည်။

            ၎င်းနောက် စဉ့်ကိုင်မြို့နယ်၊ ကသဲစုကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း၌ ယာယီကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေအား သွားရောက် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့ရှိ မြန်မာသံတော်မြတ်ကုမ္မဏီလီမိတက်၊ ကြံ့နှစ် ကောင် ဘိလပ်မြေစက်ရုံရှိ လိုင်းအမှတ်(၁)မှ ဘိလပ်မြေထုတ်လုပ်နေမှု အခြေအနေ နှင့် လိုင်းအမှတ်(၂)အား ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ ဆင်မင်းဘိလပ်မြေစက်ရုံ နှင့် ALPHA  ဘိလပ်မြေစက်ရုံတို့၌   ပြန်လည် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။