မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အေးမြဝတီရပ် ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ကုတင်(၂၀၀)ဆံ့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွင်း တက်ရောက်ကုသမှုခံယူနေသော ဒေသခံ ပြည်သူများအား ကြည့်ရှုအားပေးစကား ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရန်နိုင်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ တာဝန်ထမ်းဆောင်နေ ကြသော ဆရာ/ဆရာမများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စားသောက်ကုန် ပစ္စည်း(၄)မျိုးနှင့် လူသုံးကုန်ပစ္စည်း(၈)မျိုး ထောက်ပံ့ပေးမှုများနှင့် ယာယီကျောင်း ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ စစ်ကိုင်းမြို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများ၊ ဘုရားစေတီများနှင့် လူနေအဆောက် အအုံများကို စက်ယန္တရားအင်အားများ တိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်း နေမှုများ၊ လုပ်အားပေးရှင်းလင်း ဖယ်ရှားနေမှု အခြေအနေများ၊ ယာယီကျောင်းဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန် ရိ သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့ပြင် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ သံပုဏ္ဏာရာမကျောင်းတိုက် ကျောင်းပုရဝုဏ်အတွင်း ငလျင်ဘေးသင့် သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင် များနှင့် ပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့၏ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။
အလားတူကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် သည် မန္တလေးမြို့အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများ အတွက် Modular House များ ဆောက်လုပ်ထားရှိပြီး ငလျင်ဘေးသင့် မိသားစုများအား အခန်းအလိုက် နေရာချထားပေးမှုများ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ လူနေအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများရှိ အပျက်အစီးများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ထို့နောက် မန္တလေးဘူတာကြီးသို့သွားရောက်၍ ငလျင်ဒဏ်သင့်ပြည်သူများ အတွက် Modular House များ ရထားဖြင့်သယ်ယူရောက်ရှိမှုအခြေအနေများနှင့် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘူတာကြီးရှိ Control Tower အဆောက် အအုံအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဘုရား စေတီပုထိုးများ၌ အပျက်အစီးများအား အဖွဲ့အစည်းအသီးသီးက ဖယ်ရှား ရှင်းလင်းဆောင်ရွက် ပြီးစီးမှု အခြေအနေများနှင့် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၊ အင်းကုန်းကျေးရွာ၊ စွန်ရဲအင်းအတွင်း၌ လူမှု ကယ်ဆယ်ရေးအသင်းအဖွဲ့များကို ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေးသင်တန်း၊ သင်တန်းပို့ချဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ပြီး ယခုအခါပြန်လည် လည်ပတ်နေသော Noble Science Bagan ကုမ္ပဏီမှ ဆေးရုံသုံးပစ္စည်း (Mask ၊ ပတ်တီး၊ Hand Gel)နှင့် ဓာတ်ဆားထုတ်လုပ်မှုလုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှတင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအပ်လက်ခံနေမှု၊ စုကြီးရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သာသနိကအဆောက်အအုံများ၊ ဘုရားစေတီပုထိုးများ၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီးစီးမှု၊ ဘုရားပရဝုဏ် အတွင်း/အပြင် ကြမ်းခင်းများ ပျက်စီးနေမှုများအား စတင်ပြုပြင် ဆောင်ရွက်နေမှုနှင့် ဖောင်းရွာရပ်ကွက်၊ ဖောင်းရွာ ကွင်း၌ ယာယီဈေးတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။