နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း  နေပြည်တော်၊ ၂၀၂၅ မေ  ၂၂

Thursday, May 22, 2025 - 17:30

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာ ရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်အပါး (၉၇) ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါ သာဏလိုဏ်ဂူသိမ်တော်ကြီးအတွင်း၌ ကျင်းပသည်။ 
         အခမ်းအနားသို့  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ  ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်များ၊ တိပိဋက ပုစ္ဆက ဆရာ တော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အာဂုံသဘောရေးဖြေအောင်မြင်တော်မူကြသည့် သာသနာ့အာဇာ နည်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်နှင့် ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ၎င်းတို့၏ ဇနီးများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညို ကြသည်။ 
             ရှေးဦးစွာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ သြဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ၊ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သုဓမ္မာစာရာဘိဝံသ မဟာထေရ် မြတ်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြ သည်။
            ထိုနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ က  သာရဏီယဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူသည်။
            ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦး လွင် က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
           ထို့နောက်  (၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေး ပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား ဘွဲ့တံဆိပ်တော် နှင့် အောင်လက်မှတ်များ ဆက်ကပ်ကြရာ ပိဋကသုံးပုံလုံးကို အာဂုံနှင့်တကွ ရေးဖြေ အောင်မြင်တော်မူသဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရရှိတော်မူသည့် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့ သစ်(အရှေ့ပိုင်း)မြို့နယ်၊  တိပိဋက မဟာဂန္တဝင်နိကာယ် ကျောင်းတိုက်မှ အရှင်သေဋ္ဌ ဉာဏာလင်္ကာရအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။ 
ဆက်လက်၍ ပိဋကနှစ်ပုံ ရေးဖြေအောင်မြင်တော်မူသဖြင့် ဒီဃနိကာယကောဝိဒ ဘွဲ့ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်မှ  အရှင်ပညာဓဇာလင်္ကာရနှင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မဟာဝိသုဒ္ဓါရုံရွှေကျင် တိုက်သစ်မှ အရှင်စန္ဒောဘာသာလင်္ကာရ၊ ပိဋကနှစ်ပုံ အာဂုံအောင်မြင်တော်မူသဖြင့် ဒီဃဘာ ဏကဘွဲ့ရရှိတော်မူသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းကွန်း၊ မိုးမိတ်ကုန်းမြေ၊ တိပိဋက နိကာယကျောင်းတိုက်မှ အရှင်ဇနပ္ပိယာလင်္ကာရနှင့်  အရှင်တိလောကတို့အား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက ဘွဲ့တံဆိပ်တော်နှင့် အောင် လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။ 
ထို့နောက် ဒီဃဘာဏက ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၉ ပါး၊ ဝိနယကောဝိဒ  ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၁ ပါး၊ ဝိနယဓရ ဘွဲ့တံဆိပ် တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၂၉ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည်အရှင်မြတ် ၇ ပါး၊ ဥဘတောဝိဘင်္ဂဓရဘွဲ့တံဆိပ်တော်ရ သာသနာ့ အာဇာနည် အရှင်မြတ် ၄၆ ပါးတို့အား ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင် အုန်း၊ ဦးတင်ဦးလွင်နှင့် ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ အသီးသီး ဆက်ကပ် လှူဒါန်း ကြသည်။ 
           ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိက ဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဧည့်ပရိသတ် များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။  
    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များ၊ တက်ရောက် လာကြသည့် ဧည့်ပရိတ်သတ်များနှင့် အလှူရှင်များက တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် တို့အား ဓမ္မပူဇာအဖြစ် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
     (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ပိဋကသုံးပုံ အာဂုံရေးဖြေအောင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရသာသနာ့ အာဇာနည် အရှင်မြတ် ၁ ပါး၊ ပိဋကနှစ်ပုံ ရေးဖြေအောင် ဒီဃနိကာယကောဝိဒ အရှင်မြတ် ၂ ပါး၊  ပိဋကနှစ်ပုံ အာဂုံအောင် ဒီဃဘာဏက အရှင်မြတ် ၁၁ ပါး၊ ပိဋကတစ်ပုံ ရေးဖြေအောင် ဝိနယကောဝိဒ အရှင်မြတ် ၁ ပါး၊ ပိဋကတစ်ပုံ အာဂုံအောင် ဝိနယဓရ အရှင်မြတ် ၂၉ ပါး၊ ဝိနယပိဋက ရှေ့ပိုင်းရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒ အရှင်မြတ် ၇ ပါးနှင့် ဝိနယ ပိဋက ရှေ့ပိုင်း အာဂုံအောင် ဥဘတောဝိဘင်္ဂဓရ အရှင်မြတ် ၄၆ ပါး စုစုပေါင်း ၉၇ ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရှိရသည်။ 
         တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ဗုဒ္ဓသာသနာတော်၌ ဘုန်းကံပါရမီအထူး ဉာဏ်ပညာအထူးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကို ဖော်ထုတ်ရေး၊ ပရိယတ္တိသာသနာတော်ကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံး ချီးမြှောက် ရေးနှင့် သာသနာတော်၌ ဓမ္မစေတီထိုက်သော ပိဋကနှုတ်ငုံဆောင်ပုဂ္ဂိုလ်ထူးတို့ကို ဖော် ထုတ်ပူဇော်ရေး ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ ယခု ကျင်းပပြီးစီးခဲ့သည့် (၇၇) ကြိမ် မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲအထိ (၇၇) နှစ်တာကာလ အတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်သူမြတ် (၁၇)ပါးပေါ်ထွန်းခဲ့ပြီး ယင်းဘွဲ့တံဆိပ်တော်ကိုရရှိပြီး၍ (၅)နှစ်ပြည့်မြောက်သည့်အခါ တိပိဋ ကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်မှ ဆက်ကပ်သည့်အတွက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ရဆရာတော်ကြီး ၁၅ ပါး ပေါ်ထွန်း ခဲ့ပြီးဖြစ်၍ တိပိဋကဓရ တိပိဋက ကောဝိဒ သာသနာ့အာဇာနည်အရှင်သူမြတ်များ ဆက်လက်ပေါ်ထွန်းလာဦးမည်ဖြစ် ကြောင်း သိရသည်။ 
     မဟာမင်္ဂလာအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးနှင့် အခြား သာသနိက အဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုက်ဂူအတွင်း ဆေးသုပ်ခြင်း၊ အသံ ထိန်းနံရံပြုပြင်ခြင်း၊ ရေလုံဆေးသုတ်ခြင်း၊ ရေဆင်းပိုက်လိုင်းပြုပြင်ခြင်း၊ 630 kg ဓာတ်လှေ ကားသစ် တပ်ဆင်ခြင်းနှင့် မိုးကြိုးလွှဲတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။