ရေကြောင်းလူငယ်မောင်မယ်များ နေပြည်တော်ကောင်စီနယ်မြေရှိ စေတီပုထိုးများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာ နေပြည်တော်၊ ၂၀၂၅ မေလ ၁၈ ရက်

Sunday, May 18, 2025 - 16:00

နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိနေသော ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့် သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းစခန်း ၁၁ ခုမှ သင်တန်းသား၊ နည်းပြ/အုပ်ချုပ်သူ ၉၂၃ ဦး တို့သည် ယနေ့နံနက်ပိုင်းတွင် သတ္တသတ္တာဟမဟာဗောဓိစေတီတော်ကြီးနှင့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့သည်။

မွန်းလွဲပိုင်းတွင် ရေကြောင်းလူငယ်မောင်မယ်များသည် သူရဲကောင်းဗိမာန်သို့ သွားရောက် လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။