ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၃)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ နေပြည်တော်၊ ၂၀၂၅ မေလ ၁၈ ရက်

Sunday, May 18, 2025 - 15:45

                ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၃)သို့ တက်ရောက်မည့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် မှ တာဝန်ရှိသူများက  ပုသိမ်တပ်နယ် အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။

                 ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် မှ တာဝန်ရှိသူတို့က ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁၃)သို့ တက်ရောက် မည့် နိုင်ငံ့သားကောင်းရတနာများအတွက် အဝတ်အထည်များ ပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာ များအား လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။