Saturday, May 17, 2025 - 17:00
နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိနေသော အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅)သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသား၊ နည်းပြ/အုပ်ချုပ်သူ ၉၀၁ ဦး တို့သည် နေပြည်တော်ကောင်စီနယ်မြေတွင် လေ့လာရေးခရီးစဉ်များ ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်ပိုင်းတွင် သတ္တသတ္တာဟမဟာဗောဓိစေတီတော်ကြီးနှင့် သံဝေဇနိယ လေးဌာနသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုကြသည်။
မွန်းလွဲပိုင်းတွင် သူရဲကောင်းဗိမာန်သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူ များမှ လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။