မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ မော်စကိုမြို့နှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်း ဘုန်းတော်ကြီး ကီးလ်ရီယို ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
နေပြည်တော်၊ ၂၀၂၅ ခုနှစ် မေ - ၁၅
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့်အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီး မှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများဖြစ်ပေါ်ခဲ့ခြင်းအတွက် မော်စကိုမြို့နှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်း ဘုန်းတော်ကြီး ကီးလ်ရီယို က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။
အဆိုပါ သဝဏ်လွှာတွင် မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်ခဲ့သည့်သတင်းကို ကြားသိရသည့် အတွက် များစွာ ဝမ်းနည်းမိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများစွာ အသက် ဆုံးရှုံးထိခိုက်ခံစားခဲ့ရပြီး နိုင်ငံ၏ အခြေခံအဆောက်အုံများ ပျက်စီးခဲ့ရခြင်းအတွက် အထူးစာနာ ထောက်ထားမိပါကြောင်း နှင့် မြေငလျင်ကြောင့် ထိခိုက်ခံစားရသူများအနေဖြင့် ခွန်အားသစ် များ ပြန်လည်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းတို့ ဖော်ပြပါရှိကြောင်း သတင်းရရှိသည်။