ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းပေါင်းစုံ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်၊ အခြေခံလေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ စခန်းသွင်းလေ့ကျင့်ရန်နှင့် ပြိုင်ပွဲများ ကျင်းပရန် နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိ
နေပြည်တော်၊ ၂၀၂၄ မေ ၁၅ ရက်
ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ လေ့လာရေးခရီးသွားရောက်ကြသည်။ ဦးစွာ လေကြောင်းနှင့်အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော အထွေထွေဗဟုသုတများ၊ တပ်မတော်(လေ)တွင် အသုံးပြုလျက်ရှိသော လေယာဉ် များအကြောင်းကို တပ်မတော်(လေ)က တာဝန်ရှိသူများမှလိုက်လံရှင်းလင်းပြသသည်။
ထို့နောက် ရေကြောင်းလူငယ်သင်တန်းသား၊ သင်တန်းသူများသည် မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်ရှိ Y 8 လေယာဉ် ၊ F-7 လေယာဉ်၊ Beechcraft 1900D လေယာဉ်နှင့် ATR 72 လေယာဉ်များ ၏စွမ်းပကားနှင့် အခြားသိသင့်သိထိုက်သည်များ ကိုစိတ်ပါဝင်စားစွာလေ့လာခဲ့ကြရာ တာဝန်ရှိသူများကရှင်းလင်းပြသသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေသို့ ရောက်ရှိနေသော အခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသား၊ နည်းပြ/ အုပ်ချုပ်သူ ၉၀၁ ဦးတို့သည် စခန်းပေါင်းစုံပြိုင်ပွဲများ ကျင်းပပြီးမြောက်၍ ယနေ့တွင် နေပြည်တော်လေတပ်စခန်းရှိ ပျံသန်းရေးအုပ်များသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိ သည်။