မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာကောင်းမူတော်စေတီတို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးနေသော သာသနိကအဆောက်အအုံများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင် ကုမ္ပဏီများမှ ပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများအား သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ အိမ်တော်ရာကျောက်စေတီအောင်မြေလောက စေတီတော်တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိကအဆောက်အအုံများကို တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင် ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်း ဖယ်ရှား နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့်အားကစားကွင်းတွင် ကျင်းပပြုလုပ်သော ငလျင်ဘေး ဒဏ်သင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဈေးရောင်းပွဲတော် အခမ်းအနားကို တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဆောက်လုပ်ရေးပစ္စည်းများနှင့် အိမ်သုံး ဆောင်ပစ္စည်းများကို လိုက်လံကြည့်ရှုအားပေး၍ တန်ဖိုးသင့်နေအိမ် နမူနာပုံစံ ဆောက် လုပ်ထားရှိမှုအား သွားရောက် ကြည့်ရှုသည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေမင်းဝံရပ်ကွက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်အတွက် ကျောင်းသား/သူများ စိတ်အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းပုရ ဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းစနစ်တကျရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ ကျောင်းအုတ်တံတိုင်းများ ပြိုကျပျက်စီးမှုအခြေအနေများ၊ ကျောင်းဆောင် ပြိုကျပျက်စီးနေမှုအခြေအနေများနှင့် ယာယီကျောင်းဆောင် ဆောက်လုပ် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော ကျောင်းအုတ် တံတိုင်းအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှု အခြေအနေများအား ကြည့်ရှု အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရှိ မဟိယင်္ဂဏစေတီ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိက အဆောက်အဦများနှင့် လူနေအဆောက်အဦများကို စက်ယန္တရားကြီးများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် များ၊ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှား နေမှုအခြေအနေများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် စစ်ကိုင်းမြို့ သောတပန်ရပ်ကွက်၌ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှု ပြတိုက်ရှိ အုတ်တံတားနှင့် အနန္တမေတ္တာချောင် သီလရှင်ကျောင်းတိုက် ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးနေမှုများကို စက်ယန္တရားကြီးများ၊ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှား နေမှုအခြေအနေများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်း တောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီနှင့် ထုံးဘိုရပ်ကွက်ရှိ ရှင်ပင်နံကိုင်းစေတီတို့တွင် ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးနေသော သာသနိကအဆောက်အအုံများကို တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စုပေါင်း လုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများအား ကြည့်ရှုအားပေးကာ လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် စောင့်ရှောက်ရေးစခန်း၌ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စည်းကမ်းစနစ်တကျရှိစေရေး စခန်းတာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ထုံးဘိုရပ်ကွက်ရှိ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား/ သူများ စိတ်အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းပုရဝုဏ်အတွင်း သန့်ရှင်းသာယာ လှပရေးနှင့် စည်းကမ်းစနစ်တကျရှိစေရေးတို့အတွက် ကျောင်းတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ရန်နိုင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ တိုးချဲ့ကျောင်းဆောင် သစ် ဆောက်လုပ်နေမှုများနှင့် ကျောင်းပုရဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး တို့ကိုကျောင်းတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းသို့သွားရောက်၍ ယာယီကျောင်းဆောင် ဆောက်လုပ်မည့် နေရာတွင် မြေလုပ်ငန်းများ တူးဖော်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ တပ်မတော်သားများ စုပေါင်း၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီး ပြိုကျပျက်စီးသွားသော အုတ်တံတိုင်းနေရာတွင် သွပ်ပြားများဖြင့် ယာယီခြံစည်းရိုး ဆောက်လုပ်ပေးနေမှု အခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် စခန်းသွင်း လေ့ကျင့်သင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ဆရာမများအား တွေဆုံအားပေး စကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် အိုးတော်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးသွားသော အပျက်အစီးများအား ဆရာ/ ဆရာမများ၊ ရပ်မိရပ်ဖများ၊ တပ်မတော်သားများ စုပေါင်း၍ ဖယ်ရှားရှင်းလင်းနေမှု များအား လည်းကောင်း၊ စာသင်ဆောင်များတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူ / ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအားလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး တာဝန် ရှိသူများအား ကျောင်းအပ်နှံစဉ် ကျောင်းသား/ကျောင်းသူများအား ပေးအပ်မည့် စာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံ အစရှိသည့်ပစ္စည်းများအား စနစ်တကျ ထားသို သိမ်းဆည်းရန်နှင့် ကျောင်းတွင်းယာယီနေထိုင်သည့် ဆရာ/ဆရာမများအတွက် ရေ/မီး အခက်အခဲမရှိစေရေး စီစဉ်ဆောင်ရွက်ပေးရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နဂါးရုံဆုတောင်းပြည့်မြတ်စွာဘုရား၊ မဟာဝိဇယယံသီ ပုထိုးတော်ကြီး မြတ်စွာဘုရား နေရာများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်များကိုလည်းကောင်း၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း သွားရောက် ကြည့်ရှု အားပေးပြီး ကျောင်းထိုင်ဆရာတော်ကြီးများအား အလှူငွေများ ဆက်ကပ်လှူဒါန်းကာ ဘုရားစေတီ ပုထိုးအပျက်အစီးများ ဖယ်ရှားရှင်းလင်းစဉ် ရှာဖွေတွေ့ရှိရသော တန်ဘိုးရှိ ရတနာ ဌာပနာပစ္စည်းများအား ပြန်လည်ပြုပြင်မွန်းမံ တည်ဆောက်ရေးဆောင်ရွက်စဉ် ကာလ အတွင်း ဘဏ်များတွင် အပ်နှံထားရှိရန်နှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရန်အောင်ပြင်ရပ်ကွက်ရှိ ရွှေလူမင်္ဂလာခန်းမ၌ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် လုံးဝပျက်စီးခဲ့သည့် အိမ်ထောင်စုများ အတွက်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ငလျင်ဘေး ဒဏ်သင့် ပြည်သူများအား နိုင်ငံတော်မှ အင်တိုက်အားတိုက် လိုအပ်သလို ကူညီ စောင့်ရှောက်ပေးနေသည့်အတွက် အားမငယ်ဘဲ ခိုင်မာသောစိတ်ဓာတ်ဖြင့် မူလ အခြေ အနေထက် ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနမှ ပစ္စည်း(၁၆)မျိုး ပါဝင်သောထောက်ပံ့ပစ္စည်းအိတ်များအား ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့သည်။ ထို့နောက် ပြည်သူများအား အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် နားလည်တတ်ကျွမ်းသည့်ပညာရှင်များနှင့် တိုင်ပင်၍ ငလျင်ဒဏ် အင်အားရစ်(ခ်)တာ စကေးအဆင့်(၈)အထိခံနိုင်သည့် အဆောက်အဦများ တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ အဆောက်အဦများတည် ဆောက်ရာတွင် လိုအပ်သော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စက်ရုံထုတ် အထူးဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ သီးခြားလိုအပ်ချက်များ၊ အခက်အခဲများကိုလည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ သတင်းပို့ဆောင်ရွက်သွားရန် မှာကြား ခဲ့ပြီး မြို့မိမြို့ဖများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စုရှိ SANNSHINN & BROTHER Co.,Ltd (TARGET ဖိုင်ဘာဘိလပ်မြေပြားထုတ်လုပ်ရေး လုပ်ငန်း)စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ရာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေအနေများနှင့် စက်ရုံလုပ်ငန်းများ ပြန်လည်လည်ပတ်နေမှုအခြေအနေတို့အား စက်ရုံ တာဝန်ရှိသူမှ ရှင်းလင်းတင်ပြခဲ့ပြီး စက်ရုံအတွင်း TARGET အမှတ်တံဆိပ်ပါ ဖိုင်ဘာ ဘိလပ်မြေပြားများ ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ၎င်းဖိုင်ဘာ ဘိလပ်မြေပြားများသည် နိုင်ငံခြားသွင်းကုန်အစားထိုးဆောင်ရွက်နိုင်သည့် အရည် အသွေးမီ ကုန်ပစ္စည်းများဖြစ်သဖြင့် ငလျင်ဘေးဒဏ်သင့်ဒေသများသို့ စက်ရုံမှထွက်ရှိ လာသည့် ဖိုင်ဘာဘိလပ်မြေပြားများအား ဦးစားပေးစနစ်ဖြင့် ရောင်းချပေးနိုင်ရေး၊ ထုတ်လုပ်မှုအရည်အသွေး မကျဆင်းစေရေး၊ ဖိုင်ဘာဘိလပ်မြေပြားများ မူလကထက် ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် စက်ရုံအတွင်း/ပြင် မီးဘေးလုံခြုံမှုစနစ်တကျရှိစေရေး တို့အား မှာကြားခဲ့ကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ အတွက် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများအား ပြန်လည်ပြုပြင် တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်း နှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် စေတနာရှင်၊ အလှူရှင်များ ၏လက်ဝယ်သို့ နဝမမြောက်နေ့အဖြစ် ဆက်လက်ရောင်းချပေးနေမှုအခြေအနေများ အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး သံဃာတော်များ၊ မြို့မိမြို့ဖများအား အဆောက် အအုံများ ပြန်လည်တည်ဆောက်ရာတွင် နားလည်တတ်ကျွမ်းသူများနှင့်တိုင်ပင်၍ ငလျင်ဒဏ်အင်အား ရစ်(ခ်) တာစကေးအဆင့်(၈)အထိ ခံနိုင်သည့် အဆောက်အဦများ တည်ဆောက်သွားရန် လိုအပ်ကြောင်း လျှောက်ထားမှာကြားခဲ့ကာ မြို့မိမြို့ဖများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။
ဆက်လက်ပြီး နေ့လည်ပိုင်းမှာ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိလူနေအိမ်အဆောက်အဦအား စက် ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက် အအုံများအား ရှင်းလင်းဆောင်ရွက်ရာတွင် ဘေးပတ်ဝန်းကျင်ရှိအဆောက်အဦများ ထိခိုက်ဆုံးရှုံးမှုမရှိစေဘဲ စနစ်တကျ ရှင်းလင်းဆောင်ရွက်နိုင်ရေးနှင့် လျှပ်စစ်မီးကြိုးများ အား စနစ်တကျကြိုတင် ရှင်းလင်းဆောင်ရွက်နိုင်ရေးတို့အား စစ်ဆေးကြပ်မတ်ဆောင် ရွက်ပေးခဲ့ကာ လုပ်ငန်းခွင်အန္တရာယ်ထိခိုက်မှုမရှိစေရန်နှင့် အပျက်အစီးများအား အမြန်ရှင်းလင်း ဆောင်ရွက်နိုင်ရေးတို့အား မှာကြားခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက် များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင် အတွင်း ငလျင်ဒဏ် သင့်အဆောက်အအုံများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များဖွဲ့စည်း စစ်ဆေးခဲ့ရာ ယနေ့အချိန်အထိ အဆောက်အအုံ(၆၉၄၇)လုံးအား စစ်ဆေးခြင်းဆောင် ရွက်ခဲ့ပြီး ပြန်လည်ပြုပြင် နေထိုင်နိုင်မည့်အဆောက်အအုံ(၆၆၁၁)လုံး၊ ဦးစားပေး ဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိ အဆောက်အအုံ(၃၃၆)လုံးမှ အဆောက်အအုံ (၃၂၁) လုံးတို့အား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အအုံ (၁၅) လုံး ကျန်ရှိပြီး ကျန်ရှိနေသည့် အဆောက်အအုံ (၁၅) လုံးအနက် ဘာသာရေးဆိုင်ရာ အဆောက် အအုံ(၃)လုံးသည် သက်ဆိုင်ရာအဖွဲ့အစည်းများ အစီအစဉ်ဖြင့် ဖျက်သိမ်းလျက်ရှိ ကြောင်းနှင့် ဌာနဆိုင်ရာအဆောက်အအုံ(၁၂)လုံးသည် သက်ဆိုင်ရာဝန်ကြီးဌာန အစီ အစဉ်ဖြင့် စစ်ဆေးမှုခံယူနိုင်ရေး တင်ပြထားကြောင်း သိရှိရသည်။
၎င်းနောက် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွား သော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းများအခြေအနေနှင့် ဝန်ထမ်းများအတွက် စေတနာရှင်၊ အလှူရှင်များ က လှူဒါန်းသော (၃)ခန်းတွဲယာယီလိုင်းခန်းများ တည်ဆောက်ပေးမည့်မြေနေရာ တို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး သောက်သုံးရေ၊ ရေ၊ မီး၊ မိလ္လာ စနစ်များ စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများလုံခြုံစွာနေထိုင်နိုင်ရေး၊ ဝန်ထမ်း များ စားသောက်မှုအဆင်ပြေစေရေးအတွက် ရေသန့်များဆောင်ရွက်ပေးသွားရန်နှင့် သား/ငါး၊ သီးရွက်၊ ဥများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသွားရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၁၂ ရက်
Monday, May 12, 2025 - 17:15