ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ခဲ့သည့် ဗိုလ်မှူးချုပ် မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားပြု စစ်ရေးပြအ

Sunday, May 11, 2025 - 19:30

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ခဲ့သည့် ဗိုလ်မှူးချုပ် မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားပြု စစ်ရေးပြအဖွဲ့အား ကြိုဆိုနှုတ်ဆက်

နေပြည်တော်၊ ၂၀၂၅ မေလ ၁၁ ရက်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ ၂၀၂၅ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်း အမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ခဲ့သည့် ဗိုလ်မှူးချုပ် မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြသည်။

ထိုသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ ၂၀၂၅ခုနှစ်၊ မေလ ၉ ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ခဲ့ကြသော ဗိုလ်မှူးချုပ် မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့အား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက မန္တလေးမြို့၊ တံတားဦးလေဆိပ်သို့ သွားရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။