တောင်ကြီးမြို့နယ်၊ အေးသာယာတွင်  ငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅၀ ဖမ်းဆီးရမိ နေပြည်တော်၊ မေ ၁၀ ရက်

Saturday, May 10, 2025 - 16:15

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  မေလ ၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၁)၊ နယ်မြေ(၇၆)ရှိ သန်းထွေးအောင်(ခ) ခေါကြီး ၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ သိုဝှက်ထားကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်း ပေးချက်အရ ရှာဖွေရာ ၎င်းနှင့်အတူ မချောချောဦး(ခ)မစု နှင့် အောင်နိုင်ထွန်းဦး တို့ ၃ ဦးအား ဆာလာအိတ် ၁၇၅ အိတ်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၁၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၃၅၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့်  ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။