ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဝင်များ Exhibition of   Achievements of National Economy (VDNK) သို သွားရောက်လေ့လာ နေပြည်တော် မေ - ၉

Friday, May 9, 2025 - 17:15

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်း တွင် မော်စကိုမြိုရှိ Exhibition of Achievements of National Economy (VDNK)ကီု သွားရောက်လေ့လာကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည်  Exhibition of   Achievements of National Economy (VDNK) သို့ ရောက်ရှိကြရာ တာဝန်ရှိသူများ ကကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် မော်စကိုမြို့ အကွက်ချပုံစံငယ် တည်ဆောက်ခြင်းပြခန်း၊ ခေတ်သစ် smart city တွင် အသုံးပြုမည့် နည်းပညာများ ပြခန်းနှင့် အခြား ပြခန်းများအလိုက် စိတ်ဝင်တစားဖြင့် လိုက်လံကြည့်ရှုလေ့လာကြရာ ပြခန်းများအလိုက်မှ ပြခန်းတာဝန် ခံများမှ ရှင်းလင်းပြသခဲ့ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။