နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဇနီး ဒေါ်ကြူကြူလှ   BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Ms. Anna Nesterova နှင့် တွေ့ဆုံဆွေးနွေး နေပြည်တေ

Thursday, May 8, 2025 - 20:15

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့်  ဇနီး ဒေါ်ကြူကြူလှ သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် BRICS အမျိုးသမီးစီးပွား ရေး မဟာမိတ် အဖွဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Ms. Anna Nesterova နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီရုံး၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၏ ဇနီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီး ဒေါ်နီလာ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊လေ) ၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်မေစိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၏ ဇနီး နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များအား BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။ 

ထို့နောက် တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ တို့သည် မကြာမီပြုလုပ်မည့် BRICS Forum တွင် အစိုးရနှင့် စီးပွားရေးနယ်ပယ်ပေါင်းစုံမှ အမျိုးသမီးများပါဝင်သည့် အခြေအနေ များ၊ BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရုံးခွဲများကို ကမ္ဘာ့နိုင်ငံများတွင် ဖွင့် လှစ်ထားလျက်ရှိပြီး မြန်မာနိုင်ငံဘက်မှ စိတ်ဝင်စားပါက လာရောက်ဖွင့်လှစ်လိုသည့် အခြေအနေများ၊  လက်ရှိကမ္ဘာ့ရေးရာများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုအားပေးဆောင်ရွက်ရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်သည့်အခြေအနေ များ၊ အမျိုးသမီးများ၏ နေ့စဉ်လူမှုဘဝဆောင်ရွက်မှုများသာမက ကမ္ဘာ့ရေးရာ ကိစ္စရပ်များတွင် ရဲစွမ်းသတ္တိ၊ ယုံကြည်မှု၊ လုံ့လဝီရိယရှိမှု၊ ဦးဆောင်နိုင်မှု၊ ဖန်တီးနိုင်မှု စွမ်းအားတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်နေမှုများအား အသိအမှတ်ပြုအားပေးရန် လိုအပ် သည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးစွန့်ဦး တီထွင်မှုအခန်းကဏ္ဍ မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရုရှား-မြန်မာ နှစ်နိုင်ငံ အကြား ပညာရေးနှင့် အမျိုးသမီးရေးရာ တို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင် မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြ သည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၏ ဇနီးနှင့် BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များသည် မော်စကိုမြိုရှိ State Tretyakov Gallery သို့ ရောက်ရှိကြရာ ပြတိုက်တာဝန်ခံနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြပြီး ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက  သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ State Tretyakov Gallery သည် ရုရှားနိုင်ငံ၏ အရေးအပါဆုံး ယဉ် ကျေးမှု အနုလက်ရာများရှိရာ ကမ္ဘာ​ကျော်ပြခန်းကြီးတစ်ခုဖြစ်ကြောင်း၊ ရုရှားလူမျိုး တို့၏ အနုပညာနှင့် ယဉ်ကျေးမှု ဖွံဖြိုးတိုးတက်မှုတို့ကို ​​လေ့လာနိုင်သဖြင့် ရုရှားလူမျိုး တို့၏ ဓ​လေ့စရိုက်များ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့် စိတ်နေသဘောထားများ၊ သမိုင်းကြောင်းအစဉ်အလာများ၊ အနုသုခုမပညာရပ်တို့တွင် အဆင့်အတန်းမြင့်မားမှု များကို ပြတိုက်အတွင်းပြသထားသည့် အနုပညာပြကွက်များမှတဆင့် ​တွေ့မြင်ရနိုင် ကြောင်း၊ ပြခန်းကြီးတွင် ပြသထားသည့် အနုပညာကို လာရောက်ခံစားကြသူများ အနေဖြင့် လူကြီးများသာမက လူငယ်များ၊ ကလေးငယ်များကိုပါ ရုရှားလူမျိုးတို့၏ အနုပညာ၏ တန်ဖိုးနှင့် အဆင့်အတန်းမြင့်မားမှုတို့ကို သိရှိသွားအောင် လုပ်ပေးလျက် ရှိသည့် ပြတိုက်ကြီးတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။