မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ် ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့ များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်း တောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီနှင့် ရှင်ဖြူရှင်လှဘုရားကြီးတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး လျက်ရှိသော သာသနိကအဆောက်အအုံများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှု အခြေ အနေများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့်အားကစားခန်းမ၌ ရွှေမင်းဝံ ရပ်ကွက်၊ နီလာရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ ပျူကံရပ်ကွက်၊ စီတီးရပ်ကွက်နှင့် မီးရထား ရပ်ကွက်များရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ငလျင်ဒဏ်သင့် ပြည်သူ များအတွက် အိမ်ထောင်စု(၁)စုလျှင် စောင်၊ ခြင်ထောင်၊ တီရှပ်၊ ပုဆိုး၊ လုံချည်၊ ဒန်အိုး၊ ဇလုံ၊ ဇွန်း၊ ဆပ်ပြာ၊ ရေဖလား၊ ပန်းကန်ပြား၊ သောက်ရေခွက်၊ မိုးကာ၊ ဓား၊ မျက်နှာသစ် သဘက်နှင့် ကော်ပုံး စုစုပေါင်း (၁၆)မျိုး၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှုကူညီရေးညှိနှိုင်း မှုဗဟိုဌာန (AHA Center)မှ မှ မီးဖိုချောင် သုံးပစ္စည်းများနှင့် ဘရူနိုင်းနိုင်ငံက တစ်ကိုယ်ရည်သုံးပစ္စည်းတို့ကို ထောက်ပံ့ပေး ဝေနေ မှုများအား ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပန်းပဲတန်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးနေသော လူနေ အဆောက်အအုံများကို စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများ စစ်ကိုင်း မြို့၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယာယီ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ငလျင် ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော ကျောင်းဆောင်အဆောက်အအုံများအား ဖယ်ရှား ရှင်းလင်းနေမှုများနှင့်တို့ကို ပိုးတန်းရပ်ကွက်ရှိ လူနေအဆောက်အအုံများကို စက် ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြား ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများ အတွက် စောင့်ရှောက် ရေးစခန်း၌ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စည်းကမ်းစနစ် တကျရှိစေရေးတို့ကို စခန်းတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တိုးချဲ့ကျောင်းဆောင် ဆောက်လုပ် နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ချင်းစု ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယာယီကျောင်းဆောင်သစ် ဆောက်လုပ် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်၊ ၁၆ လမ်းနှင့် ၈၆ လမ်း ထောင့်ရှိ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းရှိ ငလျင်ဒဏ် သင့်၍ထိခိုက်ပျက်စီးခဲ့သော ခိုင်သဇင် (၁) ထပ်စာသင်ဆောင်များ၊ ခိုင်ရွှေဝါ (၁) ထပ်စာသင်ဆောင်များ၊ ကံ့ကော် (၃)ထပ် စာသင်ဆောင်၊ နဝရတ်ဆောင်ရှိ မြတ် စေတနာခန်းမ၊ ကျောင်းစာကြည့်တိုက်နှင့် စတိုခန်းဆောင်များအား အသိအမှတ်ပြု လက်မှတ်ရ အင်ဂျင်နီယာ (PE) အဖွဲ့များက (SOP) အတိုင်း စစ်ဆေးနေမှုများ၊ Level-1 အဆင့် စစ်ဆေးပြီး အဆောက်အဦများအား ပျက်စီးမှုအဆင့်အတန်းအလိုက် POST EARTHQUAKE ASSESSMENT သတ်မှတ်၍ ခွဲခြားထားသည့် အရောင်များအတိုင်း အဆင့်သတ်မှတ်မှု အခြေအနေများကို လိုက်လံကြည့်ရှု၍ ဆရာ/ဆရာမများ အတွက် ထောက်ပံ့ငွေများပေးအပ်သည်။
၎င်းနောက် ၂၆ လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ အမှတ် (၂၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများ၊ တပ်မတော် သားများစုပေါင်း၍ အပျက်အစီးများဖယ်ရှားရှင်းလင်းနေမှုများ၊ ကျောင်းရှိ ထွန်းသစ္စာ (၂) ထပ် ကျောင်းဆောင်၌ Grade-12 Camp (လေ့ကျင့်ရေးစခန်း) ဖွင့်လှစ် ထားရှိသည့် အခြေအနေများ၊ ကျောင်းရှိ ငလျင်ဒဏ် သင့်၍ထိခိုက် ပျက်စီးခဲ့သော မြစန္ဒာ၊ မြသီတာ၊ မြဧရာ၊ မိဘမေတ္တာ၊ သီရိနှင့် မြရတနာ (၂)ထပ် စာသင်ဆောင်များ၊ ကျောင်းအုပ်ကြီးရုံး၊ ဌေးသန်းမြင့် ခန်းမ၊ သိပ္ပံလက်တွေ့စမ်းသပ်ခန်း၊ ရေသန့်စက်၊ ရေစင် နေရာများအား အသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာ (PE) အဖွဲ့များက (SOP) အတိုင်း စစ်ဆေး နေမှုများနှင့် Level-1 အဆင့် စစ်ဆေးပြီး အဆောက်အအုံများအား ပျက်စီးမှု အဆင့် အတန်းအလိုက် POST EARTHQUAKE ASSESSMENT သတ်မှတ်၍ ခွဲခြားထားသည့် အရောင်များအတိုင်း အဆင့်သတ်မှတ်မှု အခြေအနေများအား လိုက်လံ ကြည့်ရှုအား ပေး၍ တာဝန်ရှိသူများအား ငလျင်ဒဏ်ကြောင့်ပျက်စီး သွားသည့် အဆောက်အအုံ များအနက် အသိအမှတ်ပြု လက်မှတ်ရ အင်ဂျင်နီယာ (PE) အဖွဲ့များက (SOP) အတိုင်း စစ်ဆေးပြီး အဆင့်သတ်မှတ် ပြီးစီးသည့် အဆောက်အအုံများအား ဦးစားပေး အဆင့် အလိုက် ဖယ်ရှားရှင်းလင်းရေး၊ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးနှင့် အသုံးပြု၍ရသည့် ပရိဘောဂပစ္စည်း များအားစနစ် တကျ ပြန်လည်ပြုပြင် ထိန်းသိမ်းသွားရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အမှတ်(၁၅)အခြေခံပညာအထက်တန်းကျောင်းနှင့် အမရပူရမြို့ နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ရေကြည်ပေါက်ကျေးရွာ)၌ ဆရာ/ဆရာမ များ၊ ရပ်မိရပ်ဖများ၊ တပ်မတော်သားများ စုပေါင်း၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်း နေမှုများနှင့် စာသင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ကျောင်းသူ/ ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင် ဆောင်ရွက်နေမှု များအား သွားရောက်ကြည့်ရှုအားပေးသည်။ ထို့နောက် အောင်မြေသာ စံမြို့နယ်ရှိ အမှတ်(၁၇)အခြေခံပညာအထက်တန်းကျောင်အတွင်း ဖွင့်လှစ်ထားသော ငလျင်ဘေး သင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းရှိ ငလျင် ဒဏ်သင့်ပြည်သူ များအား သွားရောက် တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်လှုဒါန်းကာ စာသင်ကျောင်းများရှိ ငလျင်ဒဏ်ကြောင်း ထိခိုက်ပျက်စီးခဲ့သော အဆောက်အအုံများအား ပြန်လည်တည်ဆောက်ရေး လုပ်ငန်း များ အမြန်ဆုံး ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် အမှတ်(၁၇)အခြေခံပညာအထက်တန်းကျောင်းရှ့ရှိ ကွင်းပြင်တွင် ငလျင်ဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်လျက်ရှိသော Modular House များ တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် အမရပူရမြို့နယ်ရှိ ရွှေလင်းပင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့်ပြိုကျ ပျက်စီးခဲ့သည့် အပျက်အစီးများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်များ ၊ အပျက် အစီးများ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဘုရားစေတီပုထိုး များတွင် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေး၍ ဆရာတော်ကြီး များအား အလှူငွေများပေးအပ် လှူဒါန်းကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်နှင့် တံစိုး-မင်းစု သွားကားလမ်းမပေါ်တို့ရှိ နေထိုင်ရန်မသင့်သော အန္တရာယ်ရှိအဆောက်အအုံများ အား ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများရှင်းလင်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ထိခိုက်မှုမရှိစေဘဲ ရှင်းလင်းဆောင်ရွက်နိုင်ရေး၊ လျှပ်စစ်မီးကြိုးများအား စနစ်တကျ ကြိုတင်ရှင်းလင်းဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ထိခိုက်မှုမရှိစေရန်နှင့် အပျက်အစီးများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများမဖြစ်ပေါ်စေရန် အမြန်ရှင်းလင်း ဆောင်ရွက်နိုင်ရေးမှာကြားပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ် သင့်အဆောက်အအုံများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့ အထိအဆောက်အဦ (၆၄၅၁)လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည် ပြုပြင်နေ ထိုင်နိုင်မည့် အဆောက်အအုံ(၆၁၄၆)လုံး၊ ဦးစားပေး ဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ် ရှိအဆောက်အအုံ(၃၀၅) လုံးမှ အဆောက်အအုံ(၂၇၇)လုံးအား ရှင်းလင်း ဆောင်ရွက်နိုင် ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အအုံ(၂၈)လုံး ဖြစ်သည်။
၎င်းနောက် စဉ့်ကိုင်မြို့နယ်၊ မြေစာရင်းရုံးရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး သွားသောအဆောက်အဦများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ယာယီရုံးဖွင့်လှစ် ဆောင်ရွက်ရန်အတွက် Modular House(၂)လုံး တည်ဆောက်ပေးမည့်မြေနေရာအား ရွေးချယ်ပေးပြီး အဆောက်အအုံပျက်စီးဆုံးရှုံးမှုများအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြ၍ လမ်းညွှန်မှုခံယူသွားရန်နှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက်စဉ့်ကိုင်မြို့နယ်ရှိ မြတ်မင်္ဂလာသီလရှင်စာသင်တိုက်သို့ သွားရောက် ၍ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး အဆောက် အအုံများ ပြန်လည်တည် ဆောက်ရာတွင် နားလည်တတ်ကျွမ်းသူများနှင့်တိုင်ပင်၍ ငလျင်ဒဏ် အင်အားရစ်(ခ်)တာစကေးအဆင့်(၈)အထိခံနိုင်သည့် အဆောက်အအုံများတည်ဆောက် သွားရန်လိုအပ်ကြောင်း၊ အဆောက်အအုံများ တည်ဆောက်ရာတွင် လိုအပ်သော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ စက်ရုံထုတ်အထူးဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း လျှောက် ထားပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
၎င်းနောက် ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ရန်အတွက် ယနေ့တွင် ဘုန်းတော်ကြီး ကျောင်း(၁၄)ကျောင်းနှင့် သီလရှင်ကျောင်း (၁)ကျောင်းတို့အား စက်ရုံထုတ်အထူး ဈေးနှုန်းဖြင့် ဘိလပ်မြေ(၁၈၀၀)အိတ်၊ 10mm သံချောင်း(၂.၅)တန်၊ 16 mm သံချောင်း (၅)တန်၊ အထပ်သား(၄၀)ချပ်တို့အား တိုက်ရိုက်ရောင်းချပေးနေမှု များအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၇ ရက်
Wednesday, May 7, 2025 - 16:45