နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ ၆/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်
နေပြည်တော်၊ ဇွန် - ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၆/၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေး သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတစ်ဝှမ်းလုံးစာသင်ကျောင်းများ ဖွင့်လှစ်နေသည့် အခြေအနေများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ် နိုင်ငံမှ Phonex မီဒီယာ တွေ့ဆုံမေးမြန်းခြင်းမှ အရေးကြီးကောက်နုတ်ချက်များ၊ ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်းနှင့် ရုံးပိတ်ရက်များ၊ အကြမ်းဖက်သင်တန်းများ၊ ထောက်ပံ့မှုများတွင် EAO အဖွဲ့အချို့၏ ပါဝင်ပတ်သက်မှုများ၊ NUG၊ CRPH၊ PDF အကြမ်းဖက်အဖွဲ့များ၏ ကြေညာချက်များနှင့် အဆိုပါကြေညာချက်များကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ရှင်းလင်းပြောကြားသည်။ ထိုသို့ရှင်းလင်း ပြောကြားရာတွင် Online တွင် ပျံ့နှံ့နေသည့် လုပ်ကြံဖန်တီးထားသော လှုံ့ဆော်မှု များနှင့် သတင်းမှားများသည် လက်တွေ့အခြေအနေနှင့် မည်မျှကွာခြားနေမှုကို မျက်ဝါးထင်ထင်တွေ့မြင်စေရန် ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက်လုပ်ရပ်များ တွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် ပတ်သက်ခဲ့သူများ၏ ထွက်ဆိုချက်များကို PowerPoint Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီးက မဲဆန္ဒရှင်စာရင်းနှင့် မဲလက်မှတ်များ စစ်ဆေးထုတ်ပြန်ပြီးစီးမှု အခြေအနေများ၊ မဲဆန္ဒရှင်စာရင်းနှင့် မဲလက်မှတ်များစစ်ဆေးရာတွင် တွေ့ရှိချက်များနှင့် ၂၀၂၀ ပြည့် နှစ် အထွေထွေရွေးကောက်ပွဲတွင် ဉပဒေနှင့်ညီညွတ်မှုမရှိသော ဆောင်ရွက်ချက် များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက် လက်ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ PowerPoint Presentation များဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနများမှ သတင်းထောက်များ ၏ သိရှိလိုအသည့်မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေး အတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာအချက်အလက်များ၊ လက်ရှိပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များ၊ မဲစာရင်းလက်တွေ့စစ်ဆေးချက် များနှင့် သိရှိနိုင်ရန်လိုအပ်သည့်တွေ့ရှိချက်များကို ခင်းကျင်းပြသထားရှိရာ တက် ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာကြသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ် ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်း ဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်း ဖြေကြားမှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။