ကန့်ဘလူမြို့နယ်၊ သင်ပေါင်းကျင်းကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များပစ်ချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ သေဆုံး/ဒဏ်ရာများရရှိ နေပြည်တော်၊ ၂၀၂၅ မေ ၇ ရက်

Wednesday, May 7, 2025 - 16:45

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ သင်ပေါင်းကျင်းကျေးရွာကို PDF အမည်ခံအကြမ်းဖက်သမားများက မေ ၆ ရက် နံနက်ပိုင်းတွင် Drop Bomb များဖြင့်   ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ မေ ၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ သင်ပါင်းကျင်းကျေးရွာအား PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏ တောင်ဘက် မီတာ ၈၀၀ ခန့်အမြင့်မှနေ၍ Drone ဖြင့်  Drop Bomb များ လာရောက်ပစ်ချ တိုက်ခိုက်ခဲ့ရာ ဗုံသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နေကြသည့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

               PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ အေးချမ်းစွာနေထိုင် နေကြ သော ဒေသခံပြည်သူများ နေထိုင်ရာကျေးရွာများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့်လုပ်ရပ်များအပေါ် ဒေသခံပြည်သူများက ရွံ့ရှာစက်ဆုပ် မုန်းတီး လျက်ရှိကြောင်းနှင့် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိ သည့်အတွက် တပ်မတော် ၏ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်မှုတွင်  အားတတ်သရော ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။