မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရန်နိုင်ရပ်ကွက်ရှိ ငလျင်ဘေး ဒဏ်သင့်ပြည်သူများအတွက်စောင့်ရှောက်ရေးစခန်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနက ငလျင်ဘေး ဒဏ်သင့်ပြည်သူများအတွက် အိမ်ထောင်စု(၁)စုလျှင် စောင်၊ ခြင်ထောင်၊ တီရှပ်၊ ပုဆိုး၊ လုံချည်၊ ဒန်အိုး၊ ဇလုံ၊ ပန်းကန်ပြား၊ သောက်ရေခွက်၊ ဇွန်း၊ ဆပ်ပြာ၊ ရေဖလား၊ မိုးကာ၊ ဓား၊ မျက်နှာသစ်သဘက်နှင့်ကော်ပုံး စုစုပေါင်း(၁၆)မျိုး တို့ကို ထောက်ပံ့ပေးဝေနေမှုများအား ကြည့်ရှုအားပေးပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ် များနှင့် စည်းကမ်းစနစ်တကျ ရှိစေရေးတို့အတွက် စခန်းရှိတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် နန်းဦးရပ်ကွက်ရှိ မရှိခဏစေတီနှင့် တကောင်း ရပ်ကွက်ရှိသစ္စာစေတီတို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိက အဆောက်အအုံများအား ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများအား သွားရောက် ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့်အားကစားကွင်းရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် စောင့်ရှောက်ရေးစခန်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စု (၁)စုလျှင် စောင်၊ ခြင်ထောင်၊ တီရှပ်၊ ပုဆိုး၊ လုံချည်၊ ဒန်အိုး၊ ဇလုံ၊ ဇွန်း၊ ဆပ်ပြာ၊ ရေဖလား၊ မိုးကာ၊ ဓား၊ မျက်နှာသစ်သဘက်နှင့် ကော်ပုံး စုစုပေါင်း (၁၄)မျိုးတို့ ထောက်ပံ့ ပေးဝေနေမှုများကို ကြည့်ရှု၍ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စည်းကမ်း စနစ်တကျ ရှိစေရေးတို့အတွက် စခန်းရှိ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။ ယင်းနောက် စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာကောင်းမူတော်စေတီတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများအား ရှင်းလင်းဖယ်ရှားနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေး ကြသည်။
ထို့နောက် ရွာထောင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော ကျောင်းဆောင်များ၊ အုတ်တံတိုင်းနံရံ များ၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီနှင့် ဥမင်သုံးဆယ်စေတီတို့၌ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများအား ရှင်းလင်း ဖယ်ရှားနေမှုအခြေအနေများကို လည်းကောင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ ပန်းပဲတန်း ရပ်ကွက်နှင့် ပိုးတန်းရပ်ကွက်တို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော လူနေ အဆောက်အအုံများကို စက်ယန္တာရားကြီးများဖြင့် ရှင်းလင်းဖယ်ရှားနေမှု များကိုလည်း ကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းပေါ်ရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက်အအုံများ၊ ၃၅ လမ်း၊ ၇၃လမ်း နှင့် ၇၄ လမ်းပေါ်ရှိ ငလျင်ဒဏ်သင့် အန္တရာယ်ရှိ အဆောက်အအုံများ၊ ၂၉ လမ်းနှင့် ၈၄ လမ်းထောင့်ရှိ ငလျင်ဒဏ်သင့် အန္တရာယ်ရှိ အဆောက်အအုံများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေး၍ တာဝန်ရှိ သူ များအား လုပ်ငန်းခွင်အန္တရာယ်မရှိစေရေးဦးစားပေး ဆောင်ရွက်သွားရန်၊ ဖယ်ရှားရှင်းလင်း နေသည့် အဆောက်အအုံဝန်းကျင်ရှိ ကျန်အဆောက် အအုံများအား ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန်၊ အများပြည်သူများ နေ့စဉ် သွားလာနေသည့် လမ်းများ ဖြစ်သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ၃၄ လမ်းမကြီးတစ်လျှောက်နှင့် ၇၃ လမ်းမကြီး တစ်လျှောက်ရှိ ငလျင်ဒဏ် ကြောင့်ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက်အအုံများအား စက်ယန္တရားကြီး များဖြင့် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဖယ်ရှားရှင်းလင်းပြီး အဆောက်အအုံနေရာများအား စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေများကို လည်းကောင်း သွားရောက်ကြည့်ရှု၍ အများ ပြည်သူများ အသုံးပြုမှုများသော အဓိကလမ်းမကြီးများပေါ်ရှိ အန္တရာယ်ရှိ အဆောက် အအုံအပျက်အစီးများအား ဦးစားပေး၍ အမြန်ဆုံးဖယ်ရှား ရှင်းလင်းနိုင်ရေး ဌာနဆိုင်ရာ များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်းရှိ ငလျင် ဒဏ်သင့်ကားဂိတ်အဆောက်အအုံများအား အပြီးသတ်ဖယ်ရှားရှင်းလင်း ခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ။
ဆက်လက်၍ အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာသို့ ရောက်ရှိကာ အပျက် အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများအား ကြည့်ရှုအားပေးပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းစဉ် တွေ့ရှိရသော ငွေကျပ်သိန်း (၈၃၀) နှင့် ရွှေ ၁၀ ကျပ်သားတုံး (၁၀) တုံး၊ တန်ဖိုးရှိ လက်ဝတ်ရတနာများနှင့် ဘဏ်စာအုပ်(၉)အုပ်တို့အား ပိုင်ရှင်ထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်နေမှုတို့အား ကြည့်ရှုကြပ်မတ်ဆောင်ရွက်၍ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော် ဘုရားကြီးဝင်းအတွင်း ဖွင့်လှစ်ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီ ကယ်ဆယ်ရေးစခန်းသို့သွားရောက်၍ ငလျင်ဒဏ်သင့်ပြည်သူများနှင့် တွေ့ဆုံ အားပေး စကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှုဒါန်းပြီး သောက်ရေ သုံးရေ ဖူလုံစွာရရှိရေး စနစ်တကျ စီစဉ်ဆောင်ရွက်ပေးရန်၊ စည်းကမ်းတကျ နေထိုင်နိုင်စေရေး၊ အမှိုက်များ စွန့်ပစ်ကန်ဖြင့် စနစ်တကျစွန့်ပစ်နိုင်စေရေး၊ သန့်စင်ခန်းများအား လူဦးရေ အချိုးအစား အလိုက်တည်ဆောက်ပေးပြီး ယင်လုံအောင် စနစ်တကျ ဆောင်ရွက်စေ ရေး၊ ယာယီနေထိုင်သူများကို စနစ်တကျမှတ်တမ်းပြုစု ထားရှိစေရေးတို့ကို မှာကြား သည်။ ထို့ပြင် အဆိုပါ ယာယီကယ်ဆယ်ရေးစခန်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦစီးဌာနက ကျန်းမာရေးစောင်ရှာက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် အမရပူရမြို့နယ်ရှိ ရွှေအိုးရကျောင်းတိုက်နှင့် မဟာဂန္ဓာရုံကျောင်း တိုက်သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ပြိုကျ ပျက်စီးခဲ့သည့် အပျက်အစီးများအား ရှင်းလင်းဖယ်ရှားနေမှုများ၊ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက်ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေးပြီး လုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့များအား စားသောက်ဖွယ်ရာများ ပေးအပ်ကာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် အမရပူရမြို့နယ်ရှိ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သော သာလေစွအခြေခံပညာအလယ်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ကုက္ကိုရွာ)၊ ကြည့်မြင်တိုင်အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် မြစ်ငယ်အခြေခံ ပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ အပျက်အစီးများဖယ်ရှားရှင်းလင်း နေမှုများနှင့် စာသင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူ / ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။ ထို့နောက် ကြည့်မြင်တိုင် အခြေခံပညာ အထက်တန်းကျောင်းခွဲအတွင်း ဖွင့်လှစ်ထားသော ငလျင် ဘေးသင့်ပြည် သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ငလျင်ဒဏ်သင့် ပြည်သူများနှင့် တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းကာ စာသင်ကျောင်းများရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အအုံများ အား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ မင်းရပ် ရပ်ကွက်ရှိ ဆင်ဖြူတော်ဝပ်ကျောင်း တိုက်၌ စုကြီးရပ်ကွက်အန္တရာယ်ရှိ နယ်မြေမှ ပြောင်းရွှေ့သီတင်းသုံးနေတော်မူနေသော သံဃာ တော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အများ ပြည်သူအန္တရာယ်ကင်းရှင်းရေးအတွက် နိုင်ငံတော်အဆင့် ပြင်ဆင်မွမ်းမံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လျှောက်ထားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်၊ ရေနားကျောင်းတိုက်ရှိ ဖြိုဖျက် ပြီးအဆောက်အအုံများအား တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၎င်းနောက် ကျောက်ဆည်မြို့၊ မင်းရပ်ရပ်ကွက်ရှိ စိုက်ပျိုးရေးသုတေသနခြံ၌ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်နေမှုအခြေအနေများ သွားရောက်ကြည့်ရှုပြီး ငလျင်ဒဏ်သင့်ပြည်သူများကို အားပေး စကားပြောကြားကာ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရာတွင် နားလည် တတ်ကျွမ်းသူများနှင့် တိုင်ပင်၍ ငလျင်ဒဏ် အင်အား ရစ်(ခ်)တာစကေး ၈ အဆင့်အထိ ခံနိုင်သည့် အဆောက်အအုံများ တည်ဆောက်သွားရန်လိုအပ်ကြောင်း၊ အဆောက်အအုံများ တည်ဆောက်ရာတွင် လိုအပ်သော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စက်ရုံထုတ်အထူးဈေးနှုန်းများဖြင့် ရောင်းချပေးလျက် ရှိကြောင်း၊ သီးခြားလိုအပ်ချက်များ၊ အခက်အခဲများကိုလည်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ သတင်းပို့တင်ပြသွားနိုင်ကြောင်း မှာကြား ခဲ့ပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးသင့် ပြည်သူများအတွက် ပျက်စီးသွားသောအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် လိုအပ် လျက်ရှိသော ဘိလပ်မြေ၊သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေး နှုန်းဖြင့် ပြည်သူများလက်ဝယ်သို့ တိုက်ရိုက် ဆက်လက်ရောင်းချပေးနေမှု အခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့မိမြို့ဖများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် စဉ့်ကိုင်မြို့နယ်ရှိ Royal-D အားဖြည့်အချိုရည်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းများ ပြန်လည်လည်ပတ်နေမှုအခြေအနေများနှင့် ရေဆိုးစနစ် စွန့်ပစ်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စဉ့်ကိုင်မြို့နယ်ရှိ KT အစာတောင့်စက်ရုံနှင့် ဗီဂါပလပ်စတစ်စက်ရုံများသို့ သွားရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်း၊ အဆောက် အအုံများပျက်စီးခြင်း၊ စက်ပစ္စည်းများချို့ယွင်းခြင်းတို့ ဖြစ်ပေါ်ခဲ့၍ လုပ်ငန်းများ ရပ်တန့်ခဲ့ရာမှ ပြုပြင်ပြီးစီး၍ လုပ်ငန်းများ ပြန်လည်လည်ပတ်နေမှုအခြေအနေများ အား သွားရောက်စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၆ ရက်
Tuesday, May 6, 2025 - 17:15