မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့ များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦး ပုညရှင်စေတီနှင့် ဉမင်သုံးဆယ်စေတီတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိ သော သာသနိကအဆောက်အအုံများအား ရှင်းလင်းဖယ်ရှား နေမှုအခြေအနေများ စစ်ကိုင်းမြို့ သောတပန်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော အောင်မြေဘုံစံ ကျောင်းတိုက် သာသနိကအဆောက်အဦများကို စက်ယန္တာရားကြီးများဖြင့် ဖယ်ရှား ရှင်းလင်း နေမှုများနှင့် သံပုဏ္ဏာရာမကျောင်းတိုက် ကျောင်းပုရဝုဏ်အတွင်း ငလျင်ဘေးသင့် ရဟန်း၊ သံဃာ၊ သီလရှင်၊ ပြည်သူများအတွက် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့၏ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမူတော်စေတီနှင့် နန်းဦးမြို့သစ်ရှိ မရှိခဏ စေတီတို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော သာသနိကအဆောက် အဦများနှင့် လူနေအဆောက်အဦများကို စက်ယန္တရားကြီးများဖြင့် ရှင်းလင်းဖယ်ရှား နေမှုအခြေအနေများ၊ ပါရမီရပ်ကွက်ရှိ သက္ကနိမ္မိတ သီလရှင်စာသင်တိုက်၊ ပန်းပဲတန်း ရပ်ကွက်ရှိ လူနေအဆောက်အအုံများ၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် မူလတန်းကြိုကျောင်းတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး သွားသော သာသနိကအဆောက်အအုံများနှင့် စာသင်ဆောင် အဆောက်အဦများကို စက်ယန္တရားကြီးများဖြင့် ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများနှင့် စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် တပ်မတော် ရေသန့်စက်ရုံးမှ ဧရာဝတီမြစ်ရေကိုသန့်စင်၍ သောက်သုံးရေဖြန့်ဝေပေး နေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးတက္ကသိုလ်ရှိ ငလျင်ဒဏ်သင့်၍ထိခိုက်ပျက်စီးခဲ့သော မန်းသပြေကျောင်းဆောင်၊ ထမင်းစားဆောင်၊ ရွှေမန်းကျောင်းသူဆောင်၊ သစ္စာကျောင်းဆောင် အဆောက်အအုံများအား အသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာ (PE) အဖွဲ့များက (SOP) အတိုင်း စစ်ဆေးနေမှုများ၊ Level-1 အဆင့် စစ်ဆေးပြီး အဆောက်အအုံ များအား ပျက်စီးမှုအဆင့်အတန်းအလိုက် POST EARTHQUAKE ASSESSMENT သတ်မှတ်၍ ခွဲခြားထားသည့် အရောင်များအတိုင်း အဆင့်သတ်မှတ်မှု အခြေအနေ များအား လိုက်လံကြည့်ရှု၍ ငလျင်ဒဏ်သင့်ဆရာ/ဆရာမများအတွက် ထောက်ပံ့ပစ္စည်း များပေးအပ်ပြီး တာဝန်ရှိသူများအား ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် အဆောက်အအုံ များအနက် အသိအမှတ်ပြု လက်မှတ်ရ အင်ဂျင်နီယာ (PE) အဖွဲ့များက (SOP) အတိုင်း စစ်ဆေးပြီး အဆင့်သတ်မှတ်ပြီးစီးသည့် အဆောက်အအုံများအား ဦးစားပေး အဆင့်အလိုက် ဖယ်ရှားရှင်းလင်းရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြသွားရန်နှင့် အသုံးပြု၍ ရသည့် ပရိဘောဂပစ္စည်း များအားစနစ်တကျ ပြန်လည်ပြုပြင် ထိန်းသိမ်းသွားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ချမ်းသာရဆုတောင်းပြည့် မြတ်စွာဘုရား၊ မဟာအောင်မြေမြိုနယ်ရှိ ဝိဇ္ဇာလင်္ကာရကျောင်းတိုက်၊ အမရပူရမြို့နယ်ရှိ ရွှေကူကြီး ဆုတောင်းပြည့်မြတ်စွာဘုရား၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ ပလစ(၂) အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း တို့၌ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့ များပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်များ၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများ၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် စာသင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူ / ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု အားပေးပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူများသည် ချမ်းမြသာစည် မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့သွားရောက်၍ မန္တလေးငလျင်ကြီးလှုပ်ခတ်စဉ် ထိခိုက်ပျက်စီး ခဲ့သော မဟာမုနိဘုရားကြီး ကျောင်းတော် ကြီး၏ထီးတော်ရှိ စိန်ဖူးတော်နှင့် ထုပိကာတို့အား ပြန်လည်မွန်းမံပြုပြင်ဆင်နိုင်ရန်အတွက် မဟာမုနိဘုရားကြီးထီးတော်ကြီးအား တန် ၂၂၀ ဝန်ချီစက်ကြီးဖြင့် ခေတ္တအပူဇော်ခံမည့် နေရာသို့ အဆင့်ဆင့်ပင့်ဆောင်နေမှုတို့အား ပူဇော်ကြည်ညို၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဝန်ထမ်းများအတွက် ယာယီ ရုံးဖွင့်လှစ်ရန် Modular House များတည်ဆောက် ပြီးစီးမှုအခြေအနေနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံး၌ Modular House များ ထပ်မံတည် ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ သောက်သုံးရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျပြုလုပ် ဆောင်ရွက်ထားရှိရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက်နှင့် ဆူးကုန်းရပ်ကွက်တို့ရှိ နေထိုင်ရန် မသင့်သော အန္တရာယ်ရှိအဆောက်အဦများအား ယန္တရားများဖြင့် ရှင်းလင်းနေမှု အေးမြကြည်လင်ရပ်ကွက်ရှိ RC(၃)ထပ်အဆောက်အအုံသည် နံဘေးတိုက်အပေါ် ယိုင်နဲ့ ထိစပ်နေခြင်းဖြစ်ပေါ်နေသည့်အခြေအနေတို့အား သွားရောက် ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများ ရှင်းလင်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ထိခိုက်မှုမရှိစေဘဲ ရှင်းလင်းဆောင်ရွက်နိုင်ရေး၊လျှပ်စစ်မီးကြိုးများအား စနစ်တကျ ကြိုတင်ရှင်းလင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းခွင်အန္တရာယ်ထိခိုက်မှုမရှိစေရန်နှင့် အပျက်အစီးများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရန် အမြန်ရှင်းလင်း ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့် အဆောက်အအုံများအား SOP စနစ်ဖြင့်ဘုတ်အဖွဲ့များဖွဲ့စည်း စစ်ဆေး ခဲ့ရာ ယနေ့အထိအဆောက်အအုံ (၆၀၆၇)လုံးအား စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နေထိုင်နိုင်မည့် အဆောက်အအုံ(၅၇၇၃)လုံး၊ ဦးစားပေး ဖြိုဖျက် ရှင်းလင်းရမည့် အန္တရာယ်ရှိ အဆောက်အအုံ (၂၉၄)လုံးမှ အဆောက်အအုံ (၂၅၈)လုံး အား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန်အဆောက်အဦ(၃၆)လုံး ဖြစ် ကြောင်း သိရှိရသည်။
၎င်းနောက် ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ပျက်စီးသွားသောအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် လိုအပ် လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူး ဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်သို့ ဆက်လက်ရောင်းချပေးနေမှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး မြို့မိမြို့ဖများနှင့်ပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် Modular Houseများ လှူဒါန်းပေးအပ်ပွဲနှင့် ကျောက်သေတ္တာစေတီ ပြုပြင်ထိန်းသိမ်းရေး အလှူငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ အလှူငွေများ လက်ခံပေးပြီး အလှူရှင်များ၊ မြို့မိမြို့ဖများအား Modular House များလှူဒါန်းပေးမှုအပေါ် ကျေးဇူး တင်ရှိကြောင်း၊ ကျောက်သေတ္တာစေတီကြီးအားလည်း ပြည်သူများ အန္တရာယ်ကင်းရှင်း ရေးအတွက် နိုင်ငံတော်အဆင့် ပြင်ဆင်မွမ်းမံ နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ Modular House များကိုလည်း အမှန်တကယ် လိုအပ်လျက်ရှိသောနေရာ များတွင် တွန်းအားပေးတည်ဆောက်ပေးလျက်ရှိကြောင်း၊ မကြာမီ မိုးတွင်းကာလရောက်ရှိ တော့မည်ဖြစ်သဖြင့် ပြည်သူများ၊ဝန်ထမ်းများ လုံခြုံစွာနေထိုင်နိုင်ရေး ကြိုးစားဆောင် ရွက်လျက်ရှိကြောင်းပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၅ ရက်
Monday, May 5, 2025 - 17:00