တပ်မတော်တွင် နဝမအကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှု(ဒုတိယနေ့) ဆက်လက်ဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဧပြီ-၂၆

Saturday, April 26, 2025 - 17:00

              တပ်မတော်တွင် နဝမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု(ဒုတိယနေ့)ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) အထူး ကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်ရာ အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာခွဲတပ်ကြပ်ကြီး မျိုးမင်းခိုင် နှင့် အသည်းအလှူရှင် ကိုမင်းခိုင်မောင် တို့ကို ခွဲစိတ် ကုသခဲ့ခြင်းဖြစ်သည်။

              အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင်ထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၈ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသော အသည်းကို ညနေ ၂ နာရီခွဲအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုး ခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် ၈ နာရီခွဲခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်နှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သောပြုစု ကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

          အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။