မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်း တောင်ရိုးရှိ၊ ဆွမ်းဦးပုညရှင်စေတီနှင့် ဥမင်သုံးဆယ်စေတီများ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများ၊ အရန်စေတီများအား ရှင်းလင်းဖယ်ရှားနေမှုများကိုလည်းကောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် တပ်မတော် ရေသန့်စက်ရုံတို့မှ ဧရာဝတီမြစ်ရေကိုသန့်စင်၍ သောက်သုံးရေ ဖြန့်ဝေပေးနေမှုများကိုလည်းကောင်း၊ သောတပန်ရပ်ကွက်၊ သံပုဏ္ဏာရာမကျောင်းတိုက် ကျောင်းပုရဝုဏ်အတွင်း ငလျင်ဒဏ် သင့် သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ပြည်သူများအတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လိုအပ်သည့် ဆေးကုသပေးနေများကို လည်းကောင်း၊ ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော လူနေအဆောက်အဦများအား ရှင်းလင်းဖယ်ရှားနေမှုများကိုလည်းကောင်း၊ ပိုးတန်း ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ငလျင်ဒဏ်သင့် ကယ်ဆယ်ရေးပစ္စည်းများ လက်ခံ/ ထုတ်ပေးရေးဌာနမှ ကယ်ဆယ်ရေးပစ္စည်းကိုလည်းကောင်း၊ တကောင်းရပ်ကွက်၊ စကုမှော် ငလျင်ဒဏ်သင့် ပြည်သူများ စောင့်ရှောက်ရေးစခန်းရှိ ငလျင်ဘေးသင့်ပြည်သူများနေထိုင် စားသောက်မှုအခြေအနေများကို လည်းကောင်း၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့၌ ပြိုကျပျက်စီး နေမှုများကို ဖယ်ရှားရှင်းလင်နေမှုနှင့် (၂၀၂၅-၂၀၆)ပညာသင်နှစ်အတွက် ကျောင်းသူ/ သားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြာနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေမှုများကို လည်းကောင်း ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးနေသော မဟာနက်ဝိုင်ဖိုင်ရုံး အဆောက် အအုံများကို ဖယ်ရှာရှင်းလင်းနေမှုများကို ကြည့်ရှုစဉ် အဆောက်အအုံအတွင်းမှ ငွေကျပ်သိန်း ၁၀၀ နှင့် လက်ကိုင်ဖုန်း ၅ လုံးကို တွေ့ရှိခဲ့သဖြင့် တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် တို့သည် ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ ရွှေမုဋ္ဌောဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်သော ကျောက်သေတ္တာကြီးအား ပြန်လည်မွမ်းမံပြင်ဆင်မည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်ကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်တို့သည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ဒေါက်တာ ယုမောင်နှင့် အဖွဲ့များ၊ တာဝန်ရှိသူများနှင့်အတူ ကျောက်သေတ္တာကြီး မူလအခြေအနေမှ တိမ်းစောင်းသွားမှု အခြေအနေများ၊ လက်ရှိတည်ရှိနေမှုအခြေအနေများကို ဒရုန်းဖြင့် ရိုက်ကူးထားသော Video Clip များ၊ မှတ်တမ်းဓာတ်ပုံများအား အသေးစိတ်ကြည့် ရှုစစ်ဆေးခြင်း၊ ဆက်လက်ဆောင်ရွက်ရမည့်နည်းလမ်းများဆွေးနွေးခြင်း၊ ကျောက် သေတ္တာကြီးတည်ရှိရာ ရွှေသာလျောင်းတောင်စောင်းပေါ်သို့ တက်ရောက်၍ မြေပြင် အခြေအနေ အသေးစိတ် စစ်ဆေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကြသည်။
ယင်းနောက် ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့သည့် ရွှေသာလျောင်းဘုရားမုခ်ဦး ဖြိုဖျက်နေမှု၊ ဈေးဆိုင်ခန်းများရှင်းလင်းနေမှု၊ လမ်းနှင့်မလွတ်ကင်းသော ထရန်စမော်မာ အား နေရာပြောင်းရွှေ့ဆောင်ရွက်နေမှုများနှင့် ရွှေမုဋ္ဌောစေတီတော်ကြီး၌ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အပျက်အစီးများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှု များကိုလည်းကောင်း၊ ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ရေနားဘုန်းတော်ကြီး ကျောင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများအား သန့်ရှင်းရေး ပြုလုပ်နေမှုများကိုလည်းကောင်း၊ ကြည့်ရှုစစ်ဆေး၍ စားသောက်ဖွယ်ရာ များပေးအပ် ပြီး ကာရေနားကျောင်းဆရာတော်အား အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်းကြသည်။
ထို့နောက် ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်၊ တံစိုးလမ်းပေါ်ရှိ အန္တရာယ်ရှိအဆောက်အဦအား ယန္တရားစက်ဖြင့် ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေ များအားသွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့်အဆောက်အဦများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိအဆောက်အဦ (၁၆၅၄) လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နိုင်မည့် အဆောက်အဦ(၁၄၁၉) လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အဦ(၂၃၅)လုံးမှ အဆောက် အဦ(၁၆၇)လုံး ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အဦ(၆၈) လုံးဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာ၌ အပျက်အစီးများဖယ်ရှားရှင်းလင်းနေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများ၊ ချမ်းမြသာ စည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၌ အပျက်အစီးများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဘုရားကြီးအား ဘုရားဖူးပြည်သူများ လာရောက် ဖူးမျှော်စဉ် အန္တရာယ်ကင်းရှင်းစေရေး ဘုရားကြီး၏အရှေ့ဘက် စမြင်နေရာအား ယာယီဒေါက်တိုင် များထောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ မဟာမုနိဘုရားကြီး ကျောင်းတော်ကြီး၏ထီးတော် ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေး စီမံထားရှိမှု အခြေ အနေများ၊ ကျောက်စာတိုက်နေရာ၊ ခြေတော်ရာနေရာနှင့် CCTV များ ပြန်လည်တပ်ဆင် ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ အပျက်အစီးများ အမြန်ဆုံးဖယ်ရှာရှင်း လင်းရေး၊ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများအတွက် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်း၊ ဘုရားနီဆုတောင်းပြည့်ဘုရား၊ အမ်ဘီကာမယ် တော်ကျောင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ထိပ်စုကြီးမြတ်စွာဘုရား၊ ချမ်းမြသာစည် မြို့နယ်ရှိ ဂရိတ်ဝေါ(လ်) ဟိုတယ်၊ နန်းမြို့ရိုး နေရာများသို့သွားရောက်၍ တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့ များပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန် အဟုန်မြင့် ဆောင်ရွက်နေမှုများ၊ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့ပြင် ကျောင်းထိုင် ဆရာတော်ကြီးများအား အလှူငွေနှင့် လှုဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သန့်ရှင်းရေးဆောင်ရွက်နေသည့် အဖွဲ့များ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။