ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် H.E.Mr.Igor Krasnov က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

Thursday, April 24, 2025 - 17:45

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် H.E.Mr.Igor Krasnov က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဧပြီ - ၂၄

          မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် H.E.Mr.Igor Krasnov က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

အဆိုပါ သဝဏ်လွှာတွင် မိမိအနေဖြင့် အဆွေတော်၏ နိုင်ငံတွင်လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် ဝမ်းနည်းဖွယ်ရာကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ခြင်းအပေါ် များစွာဝမ်းနည်းရ ပါကြောင်း၊ မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် စည်းလုံးညီညွတ်မှုများဖြင့် ဤတုန် လှုပ်ခြောက်ခြားဖွယ်ရာဖြစ်ရပ်ကို ကျော်လွှားနိုင်ပါစေဟု ဆုတောင်းအပ်ပါကြောင်း၊ မိမိအနေဖြင့် ထိခိုက်ခံစားရသူများ၏ ဆွေမျိုးမိတ်ဆွေများ၏ ဝမ်းနည်း ပူဆွေးမှုကို ထပ်တူနားလည်ခံစားရပါကြောင်းနှင့် ၎င်းတို့၏ မိသားစုဝင်များအားစာနာအားပေးပါ ကြောင်း ဖော်ပြပါရှိသည်ဟု သတင်းရရှိသည်။