ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လည်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် မိမိအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ သည့် ဝန်ကြီးဌာန ရုံးအဆောက်အဦးများကို ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ ရုံးများပြန်လည်ဖွင့်လှစ်ချိန်၌ ရုံးလုပ်ငန်းများပုံမှန်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့်ပြည်သူများ၏ အဆောက်အဦး များနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာအဆောက်အဦများအလိုက် ထောက်ပံ့ကြေး များ ပေးအပ်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
အခြေခံပညာကျောင်းများ ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ပေးရန်လိုအပ်
စာသင်ကျောင်းများနှင့်ပတ်သက်၍ အခြေခံပညာကျောင်းများအား အမြန်ဆုံး ပြန်လည် ပြုပြင်တည်ဆောက်ပေးသွားရန်လိုကြောင်း၊ ကလေးငယ်များ ကျောင်းဖွင့် ချိန်၌ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပြင်ဆင်ရန်လိုအပ် သည့် စာသင်ကျောင်းများအလိုက် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အဆောက်အဦများ ကောင်းမွန်ခိုင်ခံ့မှုရှိစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွား ရန်လိုကြောင်း၊ ဆေးရုံများနှင့်ပတ်သက်၍လည်း အချို့ဆေးရုံများကို စနစ်တကျဖြင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း။
ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ရုံးဌာနအဆောက်အဦများကို ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်စေရေး စနစ်တကျဖြင့် ပြန်လည်တည်ဆောက်ရန်
အစိုးရရုံးဌာနများနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီနယ်မြေရှိ ထိခိုက်မှုဖြစ် ပေါ်ခဲ့သည့် အဆောက်အဦများအနက် ဖို့မြေပေါ်တွင်တည်ဆောက်ထားသည့် အ ဆောက်အဦများမှာ ပိုမိုထိခိုက်ပျက်စီးသည်ကိုတွေ့ရကြောင်း၊ထို့ကြောင့် ရုံးအဆောက် အဦများ ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်မှု (Soil Test) များ ဆောင်ရွက်ပြီး မှသာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တွက်ချက်၍ရသည့် ငလျင်ကြောပေါ်တွင်တည်ရှိနေသည့် အဆောက် အဦများကို ပြောင်းရွှေ့နေရာချထားရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကိုလည်း ပြန်လည်တွက်ချက်ရေးဆွဲသွားရန်စီစဉ် နေကြောင်း၊ ငလျင်မကြာခဏလှုပ်ခတ်လျက်ရှိသည့်နိုင်ငံများမှ အဆောက်အဦများ တည်ဆောက်ထားရှိမှုများကိုနမူနာယူ၍ တည်ဆောက်မှုများ ဆောင်ရွက်သွားရန်လို ကြောင်း။
မိမိတို့နိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် ငလျင်ကြောနေရာများကို စနစ်တကျသုတေ သနပြုလုပ်သွားရန်လိုကြောင်း၊ ပြန်လည်တည်ဆောက်မည့် အဆောက်အဦများသည် ငလျင်ဒဏ်ကိုခံနိုင်သည့် အဆောက်အဦများဖြစ်ရန်လိုကြောင်း၊ အဆောက်အဦများ တည်ဆောက်ရာတွင် အင်ဂျင်နီယာရှုထောင့်မှကြည့်၍ အင်ဂျင်နီယာဆိုင်ရာ သတ်မှတ် ချက်များနှင့်အညီ တည်ဆောက်ပြီး ငလျင်ဒဏ်ခံနိုင်အောင် ဆောင်ရွက်သွားရန်လို ကြောင်း၊ ရုံးဌာနအဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အနည်းငယ်သာထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများကို ဦးစားပေးအနေဖြင့် ပြုပြင်ဆောင်ရွက်သွားရန်လိုပြီး အင်ဂျင်နီယာများက စမ်းသပ် ပြီးမှသာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်လိုကြောင်း။
ဝန်ထမ်းအိမ်ရာများပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရက်ချ်စတာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦများဖြစ်အောင် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းမိသားစုများ ယာယီနေထိုင်လျက်ရှိသည့် နေရာများတွင် လည်း လုံခြုံမှုရှိစေရေးနှင့် နေထိုင်မှုများ အဆင်ပြေစေရေး အဘက်ဘက်မှကြည့်၍ စီစဉ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယာယီနေထိုင်ရန်နေရာများတည်ဆောက် ရာတွင် ၂ ခန်းတွဲများသာ တည်ဆောက်ပေးသွားရန်လိုပြီး ရေ၊ မီးများ လုံလောက်စွာ ရရှိရေး အတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း။
ရထားလမ်းနှင့် မော်တော်ကားလမ်းများ ကောင်းမွန်အောင်ဆောင်ရွက်
ရထားလမ်းနှင့်မော်တော်ကားလမ်းများနှင့်ပတ်သက်၍ ရထားလမ်းများကို ပြု ပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြင့်ပြုပြင်နိုင်ရေးအသေး စိတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ တံတားများကိုလည်း ဆက်လက်စစ်ဆေးသွား ရန်လိုပြီး တံတားအတက်အဆင်းများ ချောမွေ့ပြေပြစ်စေရေး ဆောင်ရွက်သွား ရန်လိုကြောင်း၊ လမ်းများအလိုက်သတ်မှတ်ထားသည့် မိုင်နှုန်းများအတိုင်းချောမွေ့စွာ မောင်းနှင်နိုင်သည့် သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များအတိုင်း ဖြစ်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်သွားရန်လို ကြောင်း၊ အလားတူဆည်မြောင်းတာတမံများနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်နေရန်လိုကြောင်း၊ ရေမြောင်းများ ပျက်စီးမှုရှိ/မရှိကိုလည်း စစ်ဆေး ဆောင်ရွက်သွားရန်လိုကြောင်း။
ငလျင်လှုပ်ခတ်မှုကြောင့် အချို့နေရာဒေသအချို့တွင် ရေခမ်းခြောက်မှုများ ဖြစ်ပေါ်ခဲ့သကဲ့သို့ အချို့နေရာများတွင် ရေများထွက်ရှိမှုများဖြစ်ပေါ်လာခဲ့ကြောင်း၊ နွေ ရာသီကာလသို့ ရောက်ရှိပြီဖြစ်သဖြင့် ရေများလုံလောက်စွာရရှိရေးကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။
သက်ဆိုင်ရာကဏ္ဍများအလိုက်အသီးသီးရှင်းလင်းတင်ပြ
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများက မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်လျက်ရှိမှုအခြေ အနေများနှင့် လေ့လာတွေ့ရှိချက်များ၊ နိုင်ငံတကာမှကူညီ ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိလျက်ရှိမှုနှင့် ဖြန့်ခွဲပေးလျက်ရှိမှုအခြေအနေများ၊ လမ်း၊ တံတားများပြုပြင် ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် ဆက်သွယ်မှုများပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့မှုနှင့် အဆင့် လိုက်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ဝန်ကြီးဌာနများ အလိုက် ရုံးဌာနအဆောက်အဦများ ပျက်စီးခဲ့မှုအခြေအနေများ၊ ယာယီဆေးရုံများ ဖွင့်လှစ်ကုသပေးလျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင် ပြကြသည်။
ထို့နောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ငလျင်ဒဏ်ခံစား ခဲ့ရသည့် ဒေသများမှ ပြည်သူများအနေဖြင့် ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိမှု အခြေ အနေများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများအား ယာယီနေထိုင်ရေးနေရာများ၌ နေရာချထားပေးမှု၊ ယာယီနေထိုင်ရေးစခန်းများ၌ နေထိုင်လျက်ရှိသူများ၏ ကျန်းမာ ရေးအတွက် ကာလဝမ်းရောဂါကာကွယ်ဆေးများ တိုက်ကျွေးသွားရန်လိုအပ်မှု၊ ငလျင်ဒဏ်သင့် ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု စာရင်းများ စနစ်တကျပြုလုပ်ပေးသွားရန်လိုအပ်မှု၊ ငလျင်ဒဏ်သင့်ဒေသများတွင် ဈေးကားများဖြင့် ရောင်းချပေးလျက်ရှိမှုများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြသည်။
ဖြည့်စွက်ဆွေးနွေးမှာကြား
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဓိကအားဖြင့် လုပ်ငန်းများမြန်မြန်ဆန်ဆန်ပြီးပြတ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အားလုံးတက်ညီလက်ညီဖြင့်ဆောင်ရွက်မည်ဆိုပါက အခက်အခဲများကိုအောင်မြင်စွာ ကျော်လွှားသွားနိုင်မည်ဖြစ်ကြောင်း၊ ယနေ့အထိ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများအနေဖြင့် ပြည်သူ့ဆေးရုံ များနှင့် တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသလျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများမှ လာရောက်၍ဖွင့်လှစ်ပေးထားသည့် ယာယီဆေးရုံများ၌လည်းကုသ မှုများဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထိခိုက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူလာသည့် ပြည်သူများကို နိုင်ငံတော်မှကုသမှုများဆောင်ရွက်ပေးမည်ဖြစ်ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ယခုအချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာမှလည်း ကူညီမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဧပြီ ၁၇ ရက်၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ မလေးရှား နိုင်ငံဝန်ကြီးချုပ် နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဆီယံအဖွဲ့အနေဖြင့် ကူညီဆောင်ရွက် ပေးမည်ဟုပြောကြားခဲ့ကြောင်း။
ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများ ပြန်လည်တည်ဆောက်ရာတွင် ရေရှည်ကိုမျှော်တွေးပြီး ငလျင်ဒဏ်ခံနိုင်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အချို့ ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦများအနေဖြင့် သတ်မှတ်ထားသည့် စံချိန်စံညွှန် များနှင့် ဒီဇိုင်းများအတိုင်း ဆောင်ရွက်ခြင်းမရှိခဲ့မှုများအပေါ် ပြန်လည်စိစစ်ဆောင်ရွက် သွားရန်လိုကြောင်းဖြင့်ပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။