မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီး ကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြည်ပ နိုင်ငံများမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ပေးပို့ လျှက်ရှိရာ ဧပြီ ၁၂ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိသော စင်္ကပူနိုင်ငံမှ ဘီစကစ်များ၊ ရေသန့်များ၊ အိမ်သုံးဆေးများ၊ စုစုပေါင်း ၁၉၇ kg ကို၄င်း၊ မလေးရှား နိုင်ငံမှပေးပို့သော အဝတ်အထည်များ၊အစားအစာများ၊စုစုပေါင်း ၄၇၃၄ kg ကို၄င်း ယနေ့တွင် ရောက် ရှိသော တရုတ်နိုင်ငံ(ကူမင်း)မြို့မှပေးပို့သော မိုးကာတဲများ၊ Sleeping Bus များ၊ စုစုပေါင်း ၇၇၃၀ kg ကို၄င်း တရုတ်နိုင်ငံ(နန်နင်း)မြို့မှပေးပို့သော ဆေးဝါးများ၊ အဝတ် အထည်များ၊ခြင်ထောင်များ၊စုစုပေါင်း ၂၆၂၈ kg တို့အား နိုင်ငံခြား ရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လွှဲပြောင်းပေး အပ်ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူ များက လက်ခံရယူကာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဒဏ်သင့် ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သတင်ရရှိသည်။