မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ် အခါ သမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်အဖြစ်ကျင်းပ၍ နှစ်သစ်အတာကူးကြသည်။
ထိုသို့ နှစ်သစ်ကူးအခါသမယဖြစ်သော ယနေ့တွင်ကျရောက်သည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အတာ သင်္ကြန်ဏ္ဍပ်များ၌ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ သပြေခက်များ ဖြင့် အတာသင်္ကြန်ရေကိုပက်ဖြန်းပေးပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပါဝင်ဆင်နွဲကြ သည်။
အလားတူ တိုင်းစစ်ဌာနချုပ်များအလိုက်လည်း မြန်မာ့ရိုးရာအတာသင်္ကြန်ကို မြန်မာ့ရိုးရာအစဉ်အလာများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်မိသားစုများ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ထိုသို့ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာ သင်္ကြန်ကျင်းပချိန်တွင် ပါဝင်ဆင်နွှဲကြသူများကို မြန်မာ့ရိုးရာအတာသင်္ကြန် စတုဒီသာ များဖြင့်ဧည့်ခံ ကျွေးမွေးခြင်းများ၊ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သက်ကြီးဘိုးဘွား များအား ခေါင်းလျှော်ပေးခြင်း၊ လက်သည်းခြေသည်းများညှပ်ပေးခြင်းတို့ကို ပြုလုပ်၍ နှစ်ဦးကုသိုလ်ယူခဲ့ကြကြောင်း သတင်းရရှိသည်။