နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် ထိခိုက်ပျက်စီးခဲ့ရမှုများကြုံတွေ့ခဲ့ရသည့် အင်းလေးဒေသသို့သွားရောက်စစ်ဆေး၊ ဘေးဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေးပြီး

Sunday, April 20, 2025 - 18:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် ထိခိုက်ပျက်စီးခဲ့ရမှုများကြုံတွေ့ခဲ့ရသည့် အင်းလေးဒေသသို့သွားရောက်စစ်ဆေး၊ ဘေးဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
နေပြည်တော်၊ ဧပြီ - ၁၁
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊  ကာကွယ်ရေးဦးစီးချုပ် ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် ထိခိုက်ပျက်စီးခဲ့ရမှုများ ကြုံ တွေ့ခဲ့ရသည့် အင်းလေးဒေသသို့သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘေးဒဏ်သင့် ပြည်သူများအား တွေ့ဆုံအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ညောင်ရွှေမြို့နယ်၊ အင်းခြံ ကေလာကျေးရွာအုပ်စု၊ ကေလာကျေးရွာသို့ စက်လှေများဖြင့် ရောက်ရှိပြီး ကေလာကျေးရွာအုပ်စုအတွင်း လူနေအိမ်များ ပျက်စီးမှု ဖြစ်ပေါ်ခဲ့မှုနှင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို မေးမြန်းကာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယိုင်နဲ့သွားသည့် နေအိမ်များအား အမြန်ဆုံးပြန်လည်ပြုပြင်ပေးနိုင်ရေး ဒေသမှကျွမ်းကျင်လက်သမားအဖွဲ့များ လုပ်သား များဖြင့် ဆောင်ရွက်ပေးသွားရန်နှင့် ပြန်လည်ဆောက်လုပ်ရန်လိုအပ်သည့် နေအိမ် များအား ရှင်းလင်းမှုများကို ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှာကြားသည်။
    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ငလျင်ဘေးဒဏ်သင့် ပြည်သူများနှင့်တွေ့ဆုံရာ ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ကလောခရိုင်အုပ်ချုပ်ရေးမှူးတို့က ညောင်ရွှေမြို့နယ်အတွင်း ငလျင် ဘေးဒဏ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု၊ ဘုရား၊ စေတီပုထိုးများ၊ လူနေအဆောက်အဦများ ထိခိုက် ပျက်စီးခဲ့ရမှုအခြေအနေများ၊ နေအိမ်များပြန်လည်တည်ဆောက်ရန်အတွက် သစ်နှင့် သွပ်များလိုအပ်ချက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာနိုင်ငံ တော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နေအိမ်များပြန်လည် တည့်မတ်ခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများကို မိုးရာသီမရောက်မီ ဆောင်ရွက်ပြီးစီး စေရေး ကျွမ်းကျင်လက်သမားအဖွဲ့များနှင့် ကျွမ်းကျင်လုပ်သားများရရှိအောင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး တို့မှ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများဆောက်လုပ်ရာတွင် အုတ်ဖိနပ်များဖြင့် ဆောက်လုပ်နိုင်ရေး မြေသားစစ်ဆေးခြင်းများကိုလည်း ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်သစ်၊ သွပ်နှင့် ဘိလပ်မြေများ လုံလောက်စွာရရှိစေရေး နိုင်ငံတော်မှကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊  ငလျင်ဒဏ်သင့်ပြည်သူများအတွက် လက်တလောကာလတွင် တစ်လစာ အထိ စားသောက်ဖွယ်ရာများ ကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများအဆင်ပြေစေရေးအတွက် တိုက်နယ်ဆေးရုံတည် ဆောက်ပေးသွားမည် ဖြစ်ကြောင်းဖြင့်ပြောကြားသည်။
    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေး နွေးပြောကြားရာတွင်  ယခုကြုံတွေ့ခဲ့ရသည့်မန္တလေးငလျင်ကြီးသည် မိမိတို့နိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးများအနက် ဒုတိယအပြင်းထန်ဆုံးနှင့် ထိခိုက်ပျက်စီးမှုများ ပြားခဲ့သည့် ငလျင်ကြီးဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းအထိ ကောက်ယူရရှိသည့်စာရင်း များအရ ထိခိုက်သေဆုံးခဲ့ရသူ ၃၆၇၅ ဦး၊ ဒဏ်ရာရရှိခဲ့ရသူ ၅၀၂၀ ဦးနှင့် ပျောက်ဆုံးနေ သူ ၁၄၁ ဦးရှိသည်ဟုသိရှိရကြောင်း၊ ယခုကဲ့သို့ သေဆုံးမှုများသည် မိမိတို့နိုင်ငံ သမိုင်း တွင် ဆိုးရွားသည့် အဖြစ်အပျက်တစ်ခုဖြစ်ပြီး မိမိအနေဖြင့်လည်း စိတ်မကောင်းဖြစ်ရ ကြောင်း၊ သေဆုံးခဲ့ရသူများကို တစ်ဦးလျင် ငွေကျပ် ၁၀ သိန်းစီထောက်ပံ့ပေး သွား မည်ဖြစ်ပြီး နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကိုလည်း နေအိမ်အမျိုးအစားနှင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအလိုက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း။
အဆောက်အဦများဆောက်လုပ်ရာတွင် ယခင်မိမိတို့နိုင်ငံတွင်အမြင့်ဆုံးလှုပ်ခတ် ခဲ့သည့် ရက်ချ်တာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦများဆောက်လုပ်ရမည် ဖြစ်သော်လည်း ဆောက်လုပ်ခဲ့ခြင်းမရှိမှုများကြောင့် အချို့အဆောက်အဦများ မှာပျက် စီးပြီး ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ် ကြောင်း၊ ထို့ကြောင့် နောင်အချိန်တွင် ယခုကဲ့သို့ပျက်စီးမှုများမရှိစေရေး အဆောက် အဦများဆောက်လုပ်ရာတွင် အနည်းဆုံး ရက်ချ်စတာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦများဆောက်လုပ်ရန် ညွှန်ကြား ထားပြီးဖြစ်ကြောင်း၊ ယခုငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ရစဉ် နေပြည်တော်တွင်တည်ထား ကိုးကွယ်ထားရှိသည့် မာရဝိဇယ ဆင်းတုတော်ကြီးနှင့် ပလ္လင်တော်ကြီးတို့အနေဖြင့် ထိခိုက်ပျက်စီးမှု(လုံးဝ) မရှိခဲ့ကြောင်းနှင့် အခြားသာသနိက အဆောက်အဦများတွင် ထိခိုက်ပျက်စီးမှု  အနည်းငယ်သာဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်း၊ တည်ဆောက် ရေး လုပ်ငန်းများ စတင်ဆောင်ရွက်စဉ် ကတည်းကပင် ရေရှည်တည်တံ့ခိုင်မြဲစေရေး အတွက် လေပြင်းတိုက်ခတ်မှု ဒဏ်ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေး ဒဏ်အန္တရာယ်များမှ ခံနိုင်မှုရှိ စေရေးတို့ကို စနစ်တကျ တွက်ချက်တည်ဆောက်ခဲ့မှုနှင့် ခေတ်မီအင်ဂျင်နီယာ နည်းပညာများ အသုံးပြုတည်ဆောက်ခဲ့မှုကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အဆောက်အဦများ တည်ဆောက်ရာတွင် နောက်လာနောက်သား များ၏ကာလ၌ ငလျင်ဒဏ်ကြောင့်ထိခိုက်မှုမရှိစေရေး မိမိတို့အနေဖြင့် တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ စနစ်တကျဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း။
ငလျင်ဒဏ်သင့်ပြည်သူများကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာမှလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိသဖြင့် မိမိတို့ အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးကို ဆောင်ရွက်နေခြင်း မဟုတ်ဘဲ နိုင်ငံ့အရေးကိုဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး ညီညီညွတ်ညွတ်ဖြင့် တောင်ပေါ် မြေပြန့်မခွဲခြားဘဲ ဝိုင်းဝန်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မကြာခင်ကျရောက်တော့မည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကိုလည်း ရိုးရာ အစဉ်အလာများနှင့်အညီ အေးအေးချမ်းချမ်းဖြင့်သာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း၊ စားသောက်ကုန်များ ဈေးနှုန်းမြှင့်တက်မှုမရှိစေရေးအတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အားလုံးဝိုင်းဝန်း၍ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသ နှင့် နိုင်ငံအတွက်အတွက် ဝမ်းစာဖူလုံရေးနှင့် လူနေမှုဘဝမြင့်မားစေရေး တို့အတွက် အထောက်အကူပြုအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။
ပညာသင်ကြားရေးနှင့်ပတ်သက်၍ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ ပညာကျောင်းများအား ကျောင်းဖွင့်ချိန်အမီပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြား နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကလေးငယ်များအားလုံး အမျိုး သားရေးစိတ်ဓာတ်ရှိစေရေး၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေရေးတို့အတွက် ဆရာ၊ ဆရာမများ၊ မိဘများ၏ အုပ်ထိန်းမှုများအောက်တွင် ဆောင်ရွက်ပေးသွားရမည်ဖြစ် ကြောင်း၊ မိမိတို့၏ သားသမီးများ ပညာတတ်များဖြစ်စေရေးနှင့် ၎င်းတို့ဖြတ်သန်းရမည့် ဘဝခရီးလမ်းကို အေးချမ်းသာယာချောမွေ့စွာဖြင့် ဖြတ်သန်းသွားနိုင်ရေး လမ်းကြောင်း မှန်ပေါ်သို့ ဖော်ဆောင်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှအတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြ မည် ဆိုပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးမည်ဖြစ် ကြောင်း ဖြင့်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေ များကို ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များအားချီးမြှင့်ငွေများပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားသို့ ရောက်ရှိကြပြီး ငလျင် ဒဏ်ကြောင့် သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရမှုများကို ကြည့်ရှုစစ် ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ပင်မစံကျောင်းတော်ကြီး ရေရှည် ကြံ့ခိုင် မှုရှိစေရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် ကျောက်၊ သဲ၊ သံချောင်းများနှင့် ဘိလပ်မြေတို့ကို အမြန်ဆုံးရောက်ရှိအောင် ဆောင် ရွက်သွားရန်လိုကြောင်း၊ စံကျောင်းတော်ကြီးရှိ အောက်ခြေတိုင်များ ကြံ့ခိုင်မှုရှိစေရေး မြန်မြန်ဆန်ဆန်ဖြင့် စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ငလျင်ဒဏ်ကြောင့် မြေကာနံရံများ၌ မြေပြိုကျခဲ့သည့်နေရာများအား Sheet Pile များဖြင့် အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြုပြင်ရေးလုပ်ငန်းများအား နှစ်စဉ် ကျင်းပနေကျဖြစ်သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံ ပွဲမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားအား ပန်းနှင့် သောက်တော် ရေချမ်းတို့ ကပ်လှူပူဇော်ဖူးမြော်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား ရွှေသင်္ကန်းများကပ်လှူပူဇော်ဖူးမြော် ကြည်ညိုကြသည်။ 
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်း ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံ ရယူကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဧည့်သည်တော်မှတ်တမ်း စာ အုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး စေတီတော်ပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှု ခဲ့သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။